Sunday, January 8, 2017

27. Horoscopy using Excel (12)

                                                                                                                         Zawgyi version

ေဗဒင္ကို အိက္ဆဲလ္နဲ႕ တြက္မလား (-၁၁) အတြက္ မြမ္းမံျခင္း။


Post 9- ေဗဒင္ကိုအိက္ဆဲလ္နဲ႕ တြက္မလား ()
၉။ သာယနမွ နိရာယန ၿဂိဳဟ္သြားျပကၡဒိန္ သို႕ေျပာင္းယူျခင္း (မြမ္းမံျပင္ဆင္ရန္)

Ephemeris 2016.xlsx သည္ SwissHoro ver-2.1 ဖိုင္တခုခု၏ 2016 အတြက္ သာယန ၿဂိဳဟ္စင္မွ ျမန္မာအယန တန္ဖိုးကို ႏႈတ္ယူျခင္း ျဖင့္ တြက္ခ်က္ ရယူခဲ့ပါသည္။ ယၡဳ Ephemeris 2017.xlsx သို႕ မြမ္းမံျပင္ဆင္ရန္ အတြက္ အဆိုပါ ပို႕စ္၌ ေဖၚျပခဲ့ေသာ အဆင့္မ်ား အားလံုးကို ထပ္ မၤ လုပ္ေဆာင္ရန္ မလိုအပ္ပါ။ SwissHoro ver-2.1 ဖိုင္တခုခု၏ 2017 အတြက္ သာယနၿဂိဳဟ္စင္ မ်ားကို ေရြးခ်ယ္ (highlight) လုပ္၍ ကူးယူၿပီး  Tropical Sheet တြင္ A3 အားေရြးခ်ယ္၍ Paste Special > Values ျဖင့္ ထပ္လွ်က္ ကပ္ယူျခင္းျဖင့္ Sidereal Sheet တစ္ခုလံုးရွိ တန္ဖိုးအား လံုးကို အလိုအေလွ်က္ ေျပာင္းလဲေစႏိုင္ ပါသည္။

Ephemeris 2017.xlsx ေဒါင္းရန္။

Post 10- ေဗဒင္ကို အိက္ဆဲလ္နဲ႕ တြက္မလား ()
၁ဝ။ တိထီေျပာင္းခ်ိန္မ်ား တြက္ယူျခင္း (မြမ္းမံျပင္ဆင္ရန္)

Ephemeris 2017.xlsx ဖိုင္ကို အေျခခံ၍ T-Change  အတြက္ ညႊန္ၾကားခ်က္ အဆင့္ဆင့္တို႕အား အေသးစိတ္ လုပ္ေဆာင္ရန္ လိုအပ္ပါသည္။

Post 11- ေဗဒင္ကိုအိက္ဆဲလ္နဲ႕ တြက္မလား ()
၁၁။ နကၡတ္ေျပာင္းခ်ိန္မ်ား တြက္ယူျခင္း (မြမ္းမံျပင္ဆင္ရန္)

T-Change ျပဳလုပ္ၿပီးဖိုင္တြင္ N-Change အတြက္ ညႊန္ၾကားခ်က္ အဆင့္ဆင့္တို႕အား ဆက္လက္ လုပ္ေဆာင္ရန္ လိုအပ္ပါသည္။

Tithi-Nakhat 2017.xlsx ေဒါင္းရန္။

Post 12- ေဗဒင္ကို အိက္ဆဲလ္နဲ႕ တြက္မလား (၁၀)
၁၂။ တိထီေျပာင္းခ်ိန္ ႏွင့္ နကၡတ္ေျပာင္းခ်ိန္မ်ားအသံုးခ်ျခင္း (မြမ္းမံျပင္ဆင္ရန္)

ယခင္ ေဖၚျပထားေသာ အဆင့္တို႕ကို အစမွ စတင္၍ လုပ္ေဆာင္ရန္ မလိုအပ္ပါ။ Fig. Sphere-84 ျပထားသည့္ အတိုင္း End of Tithi
ႏွင့္ Full T End of Nakhat ႏွင့္ Full N တန္ဖိုး တို႕အား အံဝင္ဂြင္က်ေအာင္ ကူးထည့္ေပးရန္ လိုပါသည္။ အမွန္အားျဖင့္ ေရွ႕တြင္ေဖၚျပ မည့္ ပို႕စ္-၁၃ သည္ ဤပို႕စ္ကို ပိုမိုျပည့္စံုေအာင္ ျဖည့္စြက္ေဖၚျပလာမည္ ျဖစ္ျခင္းေၾကာင့္ ဤပို႕စ္ကို ေက်ာ္သြားျခင္းျဖင့္ ျပႆနာ မရွိႏိုင္ပါ။ မွတ္ခ်က္။ ကူးယူထားေသာ ဆဲလ္နယ္ႏွင့္ ကပ္ေပးရန္ ေရြးထားသည့္ ဆဲလ္နယ္တို႕ တူညီရပါမည္။




Using Tithi-Nakhat 2017.xlsx ေဒါင္းရန္။

Post 13- ေဗဒင္ကို အိက္ဆဲလ္နဲ႕ တြက္မလား (၁၁)
၁၃။ တိထီတလံုးေနခ်ိန္ကို ထပ္မံစိတ္ခဲြေဝၿပီး ေဒသခ်ိန္ေျပာင္း၍ တြက္ယူျခင္း (မြမ္းမံျပင္ဆင္ရန္)

Fig. Sphere-85 ျပထားသည့္ အတိုင္း End of Tithi ႏွင့္ Full T End of Nakhat ႏွင့္ Full N တန္ဖိုး တို႕အား အံဝင္ဂြင္က်ေအာင္ ကူးထည့္  ေပးၿပီး အခ်ိန္ပိုင္းဇံု မတူညီေသာ ဖိုင္ -ခုကို မြမ္းမံျပင္ဆင္ရန္သာ လိုအပ္ပါသည္။


မြမ္းမံျပင္ဆင္ျပီး ဖိုင္ကို မိုဘိုင္းေပၚ၌ အသံုးျပဳေသာအခါ Fig. Sphere-86 ႏွင့္ Fig. Sphere-87 တြင္ျပထားသည့္အတိုင္း  T-chart ကိုလည္း ေကာင္း  Fig. Sphere-88 တြင္ N-chart အားလည္းေကာင္း အသီးသီး ေတြ႕ျမင္ရမည္ ျဖစ္ပါသည္။

Tithi24h Nakhat 2017-MM.xlsx ေဒါင္းရန္။
Tithi24h Nakhat 2017-SGP.xlsx ေဒါင္းရန္။
Tithi24h Nakhat 2017-NY.xlsx ေဒါင္းရန္။






တိထီေျပာင္းခ်ိန္မ်ား အသံုးျပဳပံုႏွင့္ စပ္လ်ဥ္း၍ သေရာဒယ တိထီစက္ ဆိုင္ရာ ကိုးကာစာတမ္းမ်ား ေတြ႕ႏိုင္ေသာ္လည္း နကၡတ္ေျပာင္းခ်ိန္မ်ား အသံုးျပဳပံုတို႕ကို အလြယ္တကူ ရွာေဖြႏိုင္ျခင္း မရွိခဲ့ေသာ္ ေအာက္ေဖၚျပပါ က်မ္းတို႕မွ ေကာက္ႏႈတ္ခ်က္တို႕အား ရည္ညႊန္းႏိုင္ပါသည္။

ေတာင္တြင္းဆရာေတာ္ ခင္ၾကီးေပ်ာ္၏ အဂၤဝိဇၨာဋီကာႀကီး ဒုတိယတြဲ မွေကာက္ႏႈတ္ခ်က္။

(က) စာမ်က္ႏွာ-၈၃ ရွိ အပိုဒ္ ၁၁၀-နကၡတ္ ထြက္ ဝင္ ခပတ္ နကၡတ္ တို႕၏ဥပေဒသမွာ
၁။ ခပတ္နကၡတ္ၾကံဳလွ်င္ ေသနတ္မီးေပါက္ စေသာ ကာယသိဒၵိႏွင့္ စပ္လ်ဥ္းေသာ အလႊဲအေရွာင္ အင္းအိုင္ ခလွဲ႕ တို႕ကို စီရင္ရန္
၂။ ဝင္နကၡတ္ၾကံဳလွ်င္    ရာဇ ဣတၱိ သဗၺ စေသာ သွ်ိဳသံုးပါးႏွင့္ စပ္လ်ဥ္းေသာ ပီယသိဒၵိ တို႕ကို စီရင္ရန္
၃။ ထြက္နကၡတ္ၾကံုလွ်င္ စုန္းပေယာဂ နတ္ပေယာဂ ဥပတေစၦ အစြဲအလန္း ပေယာဂတို႕ကို ႏွိမ္နင္းရန္

() စာမ်က္ႏွာ-၈၆ ရွိ အပိုဒ္ ၁၁၃-နကၡတ္ ၂၇-လံုးတို႕ကို ဓာတ္ေလးပါး ခြဲျခင္း
တြင္ ေရွးဦးစြာ နကၡတ္ ၂၇-လံုးတို႕အား ပထဝီ -လံုး၊ အာေပါ -လံုး၊ ေတေဇာ -လံုး ႏွင့္ ဝါေယာ -လံုး တို႕ခြဲျခားျပသ ထားသည္။ ထို႕ ေနာက္ လိုရာအစီရင္ တို႕ကို ေရြးခ်ယ္ေဆာင္ရြက္ႏိုင္ ေစရန္ ေအာက္ပါဓာတ္သေဘာ တို႕အားလည္း ေဖၚျပထားသည္။

၁။ ပထဝီဓာတ္  ခိုင္ခံ့တည္ၾကည္ ေစတတ္ေသာ သိဒၶိကို စီရင္ရန္
၂။ အာေပါဓာတ္  ေအးျမခ်မ္းသာ ေစတတ္ေသာ သိဒၶိကို စီရင္ရန္
၃။ ေတေဇာဓာတ္  ပူပန္ေလာင္ကၽြမ္း ေစတတ္ေသာ သိဒၶိကို စီရင္ရန္
၄။ ဝါေယာဓာတ္  ပ်ံ႕လြင့္လႈတ္ရွား ေစတတ္ေသာ သိဒၶိကို စီရင္ရန္
အာတပၸန ယၾတာေပါင္းခ်ဳပ္ က်မ္းရင္းႀကီး (ေလးက်မ္းတြဲ) မွေကာက္ႏႈတ္ခ်က္။

ေလာကသုတိက်မ္း၏ စာမ်က္ႏွာ ၁၁၃-၁၁၇ နကၡတ္ေရြးနည္းႏွင့္ အစီအရင္ အက်ိဳးအျပစ္ တို႕ကိုေဖၚျပထားသည္။

(စာ-၁၁၃) ကဆုန္လက စ၍ေရ၊ ေရာက္ေသာလကို ခ်န္၍ေရ၊ …….. ႏႈတ္ၿပီးေသာ နကၡတ္လုံးေရကို အတိအက် အမွန္အကန္ယူေလ။ အစရွိသျဖင့္ စန္းယွဥ္နကၡတ္တြက္နည္း ကိုေဖၚျပထားေသာ္လည္း ဤတြင္ ၿဂိဳဟ္သြားျပကၡဒိန္ကို သံုးျခင္းျဖင့္ နကၡတ္ေျပာင္းခ်ိန္မ်ား တြက္ခ်က္ ထားၿပီး ျဖစ္ေသာေၾကာင့္ (စာ-၁၁၄) ၌ျပထားသည့္ ပံုစံအတိုင္း ဝင္ ထြက္ ကမၸတ္ နကၡတ္တို႕ကို အလြယ္တကူ ေရြးခ်ယ္ႏိုင္ပါသည္။ ထို႕နည္း တူ အဆိုပါက်မ္း၌ ဆက္လက္ေဖၚျပထားေသာ အကဏ္းအျမင္ေရြးနည္း စုတ္ဥပဒ္ေရြးနည္း တို႕ကိုလည္း Table sheet မွ ဇယားမ်ားအား ရည္ညႊန္းလွ်က္ Comp sheet တြင္ တြက္ခ်က္ရွာေဖြ သြားႏိုင္ပါသည္။ ဤက်မ္းတြင္လည္း စာမ်က္ႏွာ ၁၁၆-၁၁၇ တြင္ ထြက္ဝင္ ကမၸတ္ အစီအရင္ အကဏ္း အျမင္၌ အစီအရင္ ႏွင့္ ဥပဒ္ စုတ္စသည္၌ က်ိဳးျပစ္ တို႕ကို Fig. Sphere-89 တြင္ျပထား သကဲ့သို႕ ေဖၚျပထားပါသည္။

 
ayewinkyaw@ymail.com                                                          SMS: 09 459 824 750
8-1-2017                                                                                                           ဆက္ရန္

Updated on 1-12-2017
                                                                                                                         Unicode version

ဗေဒင်ကို အိက်ဆဲလ်နဲ့ တွက်မလား (၇-၁၁) အတွက် မွမ်းမံပြင်ဆင်ခြင်း။




Post 9- ဗေဒင်ကိုအိက်ဆဲလ်နဲ့ တွက်မလား (၇)
၉။ သာယနမှ နိရာယန ဂြိုဟ်သွားပြက္ခဒိန် သို့ပြောင်းယူခြင်း (မွမ်းမံပြင်ဆင်ရန်)

Ephemeris 2016.xlsx ကို SwissHoro ver-2.1 ဖိုင်တခုခု၏ 2016 အတွက် သာယန ဂြိုဟ်စင်မှ မြန်မာ အယန တန်ဖိုးအား နှုတ်ယူခြင်းဖြင့် တွက်ချက် ရယူခဲ့ပါသည်။ ယ္ခု Ephemeris 2017.xlsx သို့ မွမ်းမံပြင် ဆင်ရန် အတွက် အဆိုပါ ပို့စ်၌ ဖေါ်ပြခဲ့သော အဆင့်များ အားလုံးကို ထပ်မံ လုပ်ဆောင်ရန် မလိုအပ်ပါ။ SwissHoro ver-2.1 ဖိုင်တခုခု၏ 2017 အတွက် သာယနဂြိုဟ်စင်များ ကို ရွေးချယ် (highlight) လုပ်၍ ကူးယူပြီး  Tropical Sheet တွင် A3 ဆဲလ်အားရွေးချယ်၍ Paste Special > Values ဖြင့် ထပ် လျှက် ကပ်ယူခြင်းဖြင့် Sidereal Sheet တစ်ခုလုံးရှိ တန်ဖိုးအားလုံးကို အလိုအလျှောက် ပြောင်းလဲစေနိုင် ပါသည်။

Ephemeris2017.xlsx ဒေါင်းရန်။

Post 10- ဗေဒင်ကို အိက်ဆဲလ်နဲ့ တွက်မလား (၈)
၁ဝ။ တိထီပြောင်းချိန်များ တွက်ယူခြင်း (မွမ်းမံပြင်ဆင်ရန်)

Ephemeris 2017.xlsx ဖိုင်ကို အခြေခံ၍ T-Change  အတွက် ညွှန်ကြားချက် အဆင့်ဆင့်တို့အား အသေး စိတ် လုပ်ဆောင်ရန် လိုအပ်ပါသည်။

Post 11- ဗေဒင်ကိုအိက်ဆဲလ်နဲ့ တွက်မလား (၉)
၁၁။ နက္ခတ်ပြောင်းချိန်များ တွက်ယူခြင်း (မွမ်းမံပြင်ဆင်ရန်)

T-Change ပြုလုပ်ပြီးဖိုင်တွင် N-Change အတွက် ညွှန်ကြားချက် အဆင့်ဆင့်တို့အား ဆက်လက် လုပ် ဆောင်ရန် လိုအပ်ပါသည်။

Tithi-Nakhat2017.xlsx ဒေါင်းရန်။

Post 12- ဗေဒင်ကို အိက်ဆဲလ်နဲ့ တွက်မလား (၁၀)
၁၂။ တိထီပြောင်းချိန် နှင့် နက္ခတ်ပြောင်းချိန်များအသုံးချခြင်း (မွမ်းမံပြင်ဆင်ရန်)

ယခင် ဖေါ်ပြထားသော အဆင့်တို့ကို အစမှ စတင်၍ လုပ်ဆောင်ရန် မလိုအပ်ပါ။ Fig. Sphere-84 ၌ ပြထား သည့် အတိုင်း End of Tithi နှင့် Full T, End of Nakhat နှင့် Full N တန်ဖိုး တို့အား အံဝင်ဂွင်ကျအောင် ကူးထည့်ပေးရန် လိုပါသည်။ အမှန်အားဖြင့် ရှေ့တွင်ဖေါ်ပြမည့် ပို့စ်-၁၃ သည် ဤပို့စ်ကို ပိုမိုပြည့်စုံအောင် ဖြည့်စွက်ဖေါ်ပြလာမည် ဖြစ်ခြင်းကြောင့် ဤပို့စ်ကို ကျော်သွားခြင်းဖြင့် ပြဿနာ မရှိနိုင်ပါ။
မှတ်ချက်။ ကူးယူထားသော ဆဲလ်နယ်နှင့် ကပ်ပေးရန် ရွေးထားသည့် ဆဲလ်နယ်တို့ တူညီရပါမည်။




Using Tithi-Nakhat 2017.xlsx ဒေါင်းရန်။ 
Post 13- ဗေဒင်ကို အိက်ဆဲလ်နဲ့ တွက်မလား (၁၁)
၁၃။ တိထီတလုံးနေချိန်ကို ထပ်မံစိတ်ခွဲဝေပြီး ဒေသချိန်ပြောင်း၍ တွက်ယူခြင်း (မွမ်းမံပြင်ဆင်ရန်)

Fig. Sphere-85 ၌ ပြထားသည့် အတိုင်း End of Tithi နှင့် Full, T End of Nakhat နှင့် Full N တန်ဖိုး တို့အား အံဝင်ဂွင်ကျအောင် ကူးထည့် ပေးပြီး အချိန်ပိုင်းဇုံ မတူညီသော ဖိုင် ၃-ခုကို မွမ်းမံပြင် ဆင်ရန်သာ လိုအပ်ပါသည်။





မွမ်းမံပြင်ဆင်ပြီး ဖိုင်ကို မိုဘိုင်းပေါ်၌ အသုံးပြုသောအခါ Fig. Sphere-86 နှင့် Fig. Sphere-87 တွင်ပြ ထားသည့်အတိုင်း  T-chart ကိုလည်း ကောင်း  Fig. Sphere-88 တွင် N-chart အားလည်းကောင်း အသီး သီး တွေ့မြင်ရမည် ဖြစ်ပါသည်။

Tithi24hNakhat 2017-MM.xlsx ဒေါင်းရန်။
Tithi24hNakhat 2017-SGP.xlsx ဒေါင်းရန်။
Tithi24hNakhat 2017-NY.xlsx ဒေါင်းရန်။




တိထီပြောင်းချိန်များ အသုံးပြုပုံနှင့် စပ်လျဉ်း၍ သရောဒယ တိထီစက်ဆိုင်ရာ ကိုးကာစာတမ်းများ တွေ့နိုင် သော်လည်း နက္ခတ် ပြောင်းချိန်များ အသုံးပြုပုံတို့ကို အလွယ်တကူ ရှာဖွေနိုင်ခြင်း မရှိခဲ့သော် အောက်ဖေါ်ပြ ပါ ကျမ်းတို့မှ ကောက်နှုတ်ချက်တို့အား ရည်ညွှန်းနိုင်ပါသည်။

တောင်တွင်းဆရာတော် ခင်ကြီးပျော်၏ အင်္ဂဝိဇ္ဇာဋီကာကြီး ဒုတိယတွဲ မှကောက်နှုတ်ချက်။

(က) စာမျက်နှာ-၈၃ ရှိ အပိုဒ် ၁၁၀-နက္ခတ် ထွက် ဝင် ခပတ် နက္ခတ် တို့၏ဥပဒေသမှာ
၁။ ခပတ်နက္ခတ်ကြုံလျှင် သေနတ်မီးပေါက် စသော ကာယသိဒ္ဒိနှင့် စပ်လျဉ်းသော အလွှဲအရှောင် အင်းအိုင် ခလှဲ့ တို့ကို စီရင်ရန်
၂။ ဝင်နက္ခတ်ကြုံလျှင်    ရာဇ ဣတ္တိ သဗ္ဗ စသော သျှိုသုံးပါးနှင့် စပ်လျဉ်းသော ပီယသိဒ္ဒိ တို့ကို စီရင်ရန်
၃။ ထွက်နက္ခတ်ကြုံလျှင် စုန်းပယောဂ နတ်ပယောဂ ဥပတစ္ဆေ အစွဲအလန်း ပယောဂတို့ကို နှိမ်နင်းရန်

(ခ) စာမျက်နှာ-၈၆ ရှိ အပိုဒ် ၁၁၃-နက္ခတ် ၂၇-လုံးတို့ကို ဓာတ်လေးပါး ခွဲခြင်း
တွင် ရှေးဦးစွာ နက္ခတ် ၂၇-လုံးတို့အား ပထဝီ ၉-လုံး၊ အာပေါ ၈-လုံး၊ တေဇော ၆-လုံး နှင့် ဝါယော ၄-လုံး တို့ခွဲခြားပြသ ထားသည်။ ထို့ နောက် လိုရာအစီရင် တို့ကို ရွေးချယ်ဆောင်ရွက်နိုင် စေရန် အောက်ပါဓာတ် သဘော တို့အားလည်း ဖေါ်ပြထားသည်။

၁။ ပထဝီဓာတ်  ခိုင်ခံ့တည်ကြည် စေတတ်သော သိဒ္ဓိကို စီရင်ရန်
၂။ အာပေါဓာတ်  အေးမြချမ်းသာ စေတတ်သော သိဒ္ဓိကို စီရင်ရန်
၃။ တေဇောဓာတ်  ပူပန်လောင်ကျွမ်း စေတတ်သော သိဒ္ဓိကို စီရင်ရန်
၄။ ဝါယောဓာတ်  ပျံ့လွင့်လှုတ်ရှား စေတတ်သော သိဒ္ဓိကို စီရင်ရန်

အာတပ္ပန ယတြာပေါင်းချုပ် ကျမ်းရင်းကြီး (လေးကျမ်းတွဲ) မှကောက်နှုတ်ချက်။

လောကသုတိကျမ်း၏ စာမျက်နှာ ၁၁၃-၁၁၇ နက္ခတ်ရွေးနည်းနှင့် အစီအရင် အကျိုးအပြစ် တို့ကိုဖေါ်ပြထား သည်။

(စာ-၁၁၃) ကဆုန်လက စ၍ရေ၊ ရောက်သောလကို ချန်၍ရေ၊ …….. နှုတ်ပြီးသော နက္ခတ်လုံးရေကို အတိအ ကျ အမှန်အကန်ယူလေ။ အစရှိသဖြင့် စန်းယှဉ်နက္ခတ်တွက်နည်း ကိုဖေါ်ပြထားသော်လည်း ဤတွင် ဂြိုဟ် သွားပြက္ခဒိန်ကို သုံးခြင်းဖြင့် နက္ခတ်ပြောင်းချိန် များ တွက်ချက် ထားပြီး ဖြစ်သောကြောင့် (စာ-၁၁၄) ၌ပြ ထားသည့် ပုံစံအတိုင်း ဝင် ထွက် ကမ္ပတ် နက္ခတ်တို့ကို အလွယ်တကူ ရွေး ချယ်နိုင်ပါသည်။ ထို့နည်း တူ အ ဆိုပါ ကျမ်း၌ ဆက်လက်ဖေါ်ပြထားသော အကဏ်းအမြင်ရွေးနည်း စုတ်ဥပဒ်ရွေးနည်း တို့ကိုလည်း Table sheet မှ ဇယားများအား ရည်ညွှန်းလျှက် Comp sheet တွင် တွက်ချက်ရှာဖွေ သွားနိုင်ပါသည်။ ဤကျမ်း တွင်လည်း စာမျက် နှာ ၁၁၆-၁၁၇ တွင် ထွက်ဝင် ကမ္ပတ် အစီအရင် အကဏ်း အမြင်၌ အစီအရင် နှင့် ဥပဒ် စုတ်စသည်၌ ကျိုးပြစ် တို့ကို Fig. Sphere-89 တွင်ကဲ့သို့ ဖေါ်ပြထားပါသည်။





AyeWinKyaw Blogpost 27.pdf  ဒေါင်းရန်။

ayewinkyaw@ymail.com                                                               SMS: 09 459 824 750
8-1-2017                                                                                                             ဆက်ရန်
 





No comments: