Monday, January 2, 2017

25. Astrology on the sphere (9)



စက်လုံးပေါ်မှာ ဗေဒင်တွက်မလား (၉)

၁၁။ ဂြိုဟ်သွားပြက္ခဒိန် ဒေါင်းလုပ်ချခြင်း။

မြေမြင်စက်လုံး၏ အခြေခံသဘောအရ ကမ္ဘာပေါ်ရှိဒေသ အသီးသီးတို့ အရှေ့အနောက် တည်နေရာ ကွာခြား မှုကို လောင်ဂျီတွဒ် ခြားနားခြင်း အနေဖြင့် သိရှိနိုင်ပြီး ထပ်မံ၍ နေ့နှင့်ညဉ့် ဖြစ်ပေါ်မှု ထိုမှတဖန် အချိန်နာရီ ဆက်စပ်မှု တို့အားလည်း လောင်ဂျီတွဒ် တန်ဖိုးများ အသုံးပြုခြင်းဖြင့်သာ တွက်ယူနိုင်ကြောင်း သိရှိနိုင်ပါ သည်။ နက္ခတ်ဗေဒင်ပညာရပ်တွင် ဇာတာဖွဲ့ခြင်း သည်အဓိက အ ရေးပါသော လုပ်ဆောင်ချက် တစ်ရပ်ဖြစ်ပါ သည်။

ဇာတာတစ်စောင် ဖွဲ့ယူရန် ပထမအဆင့်မှာ ကမ္ဘာသုံးဂြိုဟ်သွား ပြက္ခဒိန်တစ်ခုခုကို ဒေါင်းလုပ်ချ ရယူ၍ လို အပ်သော ဒေသစံ တော် ချိန်မှ ကမ္ဘာ့စံတော်ချိန် (Universal Time) သို့ပြောင်းပြီး သာယနဂြိုဟ်စင် (Tro- pical positions) များအား ဘုတ္တိဖြတ် တွက်ယူ ခြင်း (Interpolation of planet positions) ဖြစ်သည်။ ထို့နောက် နှစ်သက်ရာ အယန (Precesion of Equinox) ကိုနှုတ်ယူ၍ အရှေ့တိုင်းသုံး နိရာယန (Sidereal positions) များတွက်ယူလျှက် ရာသီ၊ ဘာဝ၊ နဝင်း စသည့်အခွင်များတွင် ထည့်သွင်းဟောပြော ရန်ဖြစ် သည်။ သို့ရာတွင် ပြည့်စုံသော ဇာတာတစ်စောင် ဖြစ်ရန် ဒုတိယအဆင့် အနေဖြင့် ထိုတွက်သော အချိန်၌ အရှေ့အရပ်မှ ထွက် ပေါ်ဆဲ လဂ်ကိုတွက်ယူ ထည့်သွင်းပေးရန် လိုအပ်ပါသည်။ လဂ်ကို တွက်ချက်ရန်မှာ လိုသောအချိန် နာရီတွင် ထိုတည်နေရာ၏ လတ္တီတွဒ်နှင့်လောင်ဂျီတွဒ် တန်ဖိုးတို့ကို အသုံးပြု၍ ဂြိုဟ်သွား ပြက္ခဒိန်တွင် ဖေါ်ပြထားသော ဂရင်းနစ် ကြယ်ချိန် (Greenwich Sidereal Time) မှ ဒေသကြယ်ချိန်ကို တွက်ယူလျှက် စက်လုံးတြိဂံ သချင်္ာသုံး၍ ရှာဖွေရန် ဖြစ်သည်။ အသုံးများ ၍ ကွန်ပျူတာ ပေါ်၌ ကူးယူသုံး စွဲရန် ဒီဂျစ်တယ်ဖိုင်ဖြစ် ရရှိနိုင်သော ဂြိုဟ်သွားပြက္ခဒိန် နှစ်မျိုးတို့မှာ အောက်ပါတို့ဖြစ်၍ ထိုဖိုင်တို့အား မည် ကဲ့သို့ ဒေါင်းလုပ်ချ ရယူနိုင်သည် ရှေးဦးစွာ ရှင်းပြပါမည်။

(က) ဆွစ်နေ့စဉ် ဂြိုဟ်သွားပြက္ခဒိန်ကို ဒေါင်းလုပ်ချခြင်း။



http://www.astro.com/swisseph/swephinfo_e.htm မှ နှစ်စဉ် ၁၂-လစာ အတွက် ၆-မျက်နှာစီ ပါဝင်သော ae_yyyy.pdf ဖိုင် တို့ကို လွယ်ကူစွာ ဒေါင်းလုပ်ချ ရယူနိုင်ပါသည်။ yyyy မှာ နှစ်ဆယ်ရာစု (20th century) အတွက် 1900-1999 နှစ်နှင့် နှစ်ဆယ့် တစ်ရာစု (21st century) အတွက် 2000-2099 နှစ်တန်ဖိုး အသီးသီး ဖြစ်ပါသည်။ ဖိုင်တစ်ခုချင်း၏ အရွယ်မှာ 60-90 KB မျှသာ ရှိသဖြင့် နှစ်ပေါင်း ၁၀၀ ခန့်အတွင် အဆင်သင့်သုံးရန် ဒေါင်းလုပ်ချ သိမ်းဆည်းထား နိုင်ပါသည်။ Fig. Sphere-71 တွင် ပြထား သောအဖွင့် စာမျက်နှာ၌ ဤဂြိုဟ်သွားပြက္ခဒိန်တွင် ပေးထားချက်၊ ပုဂ္ဂလိက အတွက် ဒေါင်းလုပ်ချ ပုံနှိပ်အသုံးပြုရန် ခွင့်ပြုချက် နှင့် ကမ္ဘာ့စံတော်ချိန် သုညနာရီရှိ ဂြိုဟ်တန်ဖိုး တို့အပြင် A သင်္ကေတဖြင့် ပြထားသော မန်းဒိန်းအမြင် (Mundane Aspects) ဖိုင်၊ ဒီက လိုင်နေးရှင်း (Declination) လတ္တီတွဒ် (Celestial Latitude) တို့ အားသီးခြားဖိုင် အဖြစ်ပေးထားကြောင်း ကိုလည်း ဖေါ်ပြ ထား သည်။






၂၀-ရာစုနှစ်များ အတွက် ဖိုင်တို့ကို Fig. Sphere-72 တွင် ပေးထားသော လင့်များမှ ရယူနိုင်ပြီး ၂၁-ရာစုနှစ် အတွက် Fig. Sphere-73 ရှိလင့်တို့မှ ဒေါင်းလုပ်ချ ရယူနိုင်ပါသည်။ Fig. Sphere-74 တွင် ဤပိုစ်တွင် ဆက်တွက်ပြမည့် ဥပမာတစ်ခု၌ အသုံးပြုရန် ရှိ သည့် 2016 ခုမေလကုန်နှင့် ဇွန်လဆန်း ဂြိုဟ်စင်တန်ဖိုး များကို ae_2016.pdf မှထုတ်နှုတ် ပြသထားပါသည်။

(ခ) Find Your Fate မှ နေ့စဉ်ဂြိုဟ်သွား ပြက္ခဒိန်ကို ဒေါင်းလုပ်ချခြင်း

အိန္ဒိယ နက္ခတ်ဗေဒင် ဝက်ဘ်ဆိုင် တစ်ခုဖြစ်သော http://www.findyourfate.com/astrology/epheme-ris/ephemeris.html(Fig. Sphere-75) မှ 1900-2100 အတွင်း နှစ် ၂၀၀ အတွက်ဂြိုဟ်သွားတို့ကို Fig. Sphere-76 တွင်ပြထားသည့် လင့်များအရ ခေါ်ယူလျှက် ဝက်ဘ်စာမျက်နှာ် (*.html web page format) အဖြစ် ရယူနိုင်ပါသည်။ Fig. Sphere-77 ၌  2016 ခုနှစ် ဂြိုဟ် သွား စာမျက်နှာကို ခေါ်ယူပြသ ထားပြီး Fig. Sphere-78 တွင် Fig. Sphere-74 ၌ပြခဲ့သည့် အချက်အလက်များဖြင့် အလားတူ သည့် 2016 ခုမေလ ကုန်နှင့် ဇွန်လဆန်း ဂြိုဟ်စင်တန်ဖိုး တို့ကို ပြထားပါသည်။ သတိပြုရန် လိုအပ်သော အချက်တစ်ခုမှာ နှစ် စဉ် စာမျက်နှာကို စတင်ဖွင့်ကြည့်လျှင်ကြည့်ခြင်း လကျင်္ာဖက်စွန်းတွင် Neptune ဂြိုဟ် အထိသာ တွေ့နိုင် ပါသည်။ ဂြိုဟ်စင်တန်ဖိုး တစ်ခုခုကို ရွေးချယ် highlight လုပ်ပြီး ကာဆာ cursor ကိုလက်ယာဖက် သို့ဆွဲ ယူမှ စာမျက်နှာပြည့် (full page) မြင်လာနိုင်ပါ သည်။





ဂြိုဟ်သွားနှစ်မျိုးကို နှိုင်းယှဉ်ကြည့်သော အခါ Swiss ဂြိုဟ်သွားသည် ကမ္ဘာနှင့် အဝှမ်းလက်ခံ သုံးစွဲလျှက် ရှိသော ပြက္ခဒိန် အမျိုး အစားဖြစ်ပါသည်။ သို့ရာတွင် *.pdf ဖိုင်ဖြစ်ခြင်းကြောင့် highlight လုပ်ရွေးချယ် လျှက် ကော်ပီ/ကပ်ယူ copy/paste ပြုလုပ်၍ မရသဖြင့် တိုက်ရိုက် ထည့်သွင်း တွက်ချက်ရန် မဖြစ်နိုင်ပါ။ ဖတ်ယူပြီး လက်ဖြင့်ရိုက်သွင်းသော စံနစ်ဖြင့်သာ အသုံးပြုနိုင်ပါသည်။ FIND YOUR FATE စာမျက်နှာမှ ရရှိသောဖိုင််မှာ *.html ဖေါမက်ဖြစ်၍ ကော်ပီ/ကပ်ယူ copy/paste လုပ်ရန် ဖြစ်နိုင်ပါသည်။ သို့ရာတွင် စာ မျက်နှာ၏ အောက်ဆုံးတွင် အာမခံချက် တစ်စုံတရာ ပေးမထားကြောင်း ဖေါ်ပြထားသဖြင့် ဤတွင် တွက် ချက်မှု နမူ နာပြယုံမျှသာ ဖြစ်ပါသည်။ အိက်ဆဲလ် တွက်ချက်မှု လေ့ကျင့်ခန်း အနေဖြင့် ခေါ်သွင်း (Import) လုပ်ပြီး ဒီဂျစ်တယ် အချက်အ လက်ဖိုင်အနေဖြင့် ဖန်တီးရယူ နိုင်ပါသည်။

           
ayewinkyaw@ymail.com                                       SMS: 09 459 824 750
2-1-2017                                                                                     ဆက်ရန်





No comments: