Monday, January 23, 2017

30. Horoscope: a Sky Map (2)



ကောင်းကင်အမြင် ဇာတာခွင် (၂)

၅။ အခြားတစ်ဖက်ခြမ်းရှိ နက္ခတ်စက်ကို ကြည့်ရှုခြင်း။

ကောင်းကင်အမြင်ကို လေ့လာကြည့်ရှု ရာတွင် ဆရာကြီး မင်းသုဝဏ်၏ မိုးပေါ်မှာကြယ်တလုံး နက္ခတ်ကြည့်နည်း သင်ပြသော စာအုပ်သည် အသက်အရွယ်မရွေး အားထားရန် အကောင်းဆုံးနှင့် အလွယ်ကူဆုံး ဖြစ်ခြင်းကြောင့် ပြီးခဲ့သော ပို့စ်တွင် အွန်လိုင်းမှ ဒေါင်းလုပ်ချ ရရှိခဲ့သည့် ebook ကိုပြန်လည် မျှဝေခဲ့ပါသည်။ အဆိုပါ ပို့စ်တွင်ပင် ကမ္ဘာ့အီကွေတာ ဒေသအပါအဝင် ဖြစ်သော ဂရင်းနစ်၏ အရှေ့ခြမ်း မြောက်ဖက်ရှိ ရန်ကုန်မြို့၊ တောင်ဖက်ရှိ မဲလ်ဘုန်းမြို့နှင့် အနောက်ခြမ်း မြောက်ဖက် ဆန်ဖရန်စ္စစကိုမြို့၊ တောင်ဖက် ဗြူအယ်နိုအေးရီးစ်မြို့ ဟူသော အရပ်လေးမျက်နှာရှိ မြို့ကြီး ၅-မြို့ တို့၏ ကောင်းကင်မြင်ကွင်း ပြောင်းလဲမှုများအား UT 8h အခိုက်အတန့်၌ ပြသခဲ့ပါသည်။ အကယ်၍ ထိုအချိန်က မြေပြင်အောက်တွင် ရောက်ရှိနေခဲ့သော အခြားတစ်ဖက်ခြမ်းရှိ နက္ခတ်စက်ကို ပြည့်စုံမှု ရှိစေရေးအတွက် ကြည့်လိုသည် ဆိုပါလျှင် ထိုမှနေ့ထက်ဝက် တနည်းအားဖြင့် ၁၂-နာရီအကြာရှိ အဆိုပါ ဒေသအသီးသီး၏ ကောင်းကင်မြင်ကွင်းတို့ကို ခေါ်ယူကြည့်ရှုနိုင်ပါ သည်။ ပို၍ တိကျစွာ ဖေါ်ပြရမည်ဆိုလျှင် နက္ခတ်စက်၏ ကြယ်တလုံးလုံးသည် ဒေသတစ်ခု၏ မွန်းတည့်မျဉ်းကို ဖြတ်ကျော်ရာမှ နောက်တကြိမ် ဖြတ်ကျော်ရန် အထိကြာသော အချိန်ကာ လမှာ 23h56m ခန့်ရှိသဖြင့် ထိုကာလ၏ ထက်ဝက် 11h58m ဟုလည်း ယူနိုင်ပါသည်။ သို့ရာတွင် ၁၂-နာရီကာလ အကြာယူ လျှင်လည်း မြင်ကွင်းသိသာစွာ ပြောင်းလဲသွားမည် မဟုတ်ပါ။

ပြသမည့် မြင်ကွင်းများ၌် အရှေ့မိုးကုတ်စက်ဝိုင်းတွင် ထွက်ပေါ်သော ရာသီခွင်မှ စတင်ရေတွက်သော် ခုနစ်ခုမြောက် ရာသီခွင် သည် အနောက်တွင် ဝင်သည့်ရာသီ ဖြစ်လေ့ရှိ သောကြောင့် မြင်နိုင်သော ရာသီခွင် ၇-ခုအား အမည်တပ် ဖေါ်ပြထားပါသည်။ ရာသီ စက်တလျှောက်ရှိ ထင်ရှားလူသိများသည့် နက္ခတ်အမည်တို့ကို လည်းပြသထား ပါသည်။ ကမ္ဘာ့မြောက်ဖက်ခြမ်းရှိ ရန်ကုန် မြို့၊ စင်္ကာပူမြို့နှင့် ဆန်ဖရန်စ္စစကိုမြို့ တို့၏ကောင်းကင်တွင် ခုနစ်စင်ကြယ်၏ အင်္ဂါကြယ်မှ ကြာသပတေးကြယ်ကိုဖြတ်၍မျဉ်းတ ကြောင်းဆွဲသော် ဓူဝံကြယ်ကို ရှာဖွေတွေ့ရှိ နိုင်ကြောင်း ပြသထားသည်။ အလွန်လူသိများသော သွာတိနှင့် စိတြ ကြယ်တို့ကို ခု နစ်စင်ကြယ်၏ အမြီးကွေးကို ့ဖြတ်၍ဆွဲသည့် မျဉ်းကွေးပေါ်၌ ရှာဖွေတွေ့ရှိ နိုင်ကြောင်းကိုလည်း ပြသထားပါသည်။

 Fig. Sky-8: ရန်ကုန်မြို့၏ ကောင်းကင်မြင်ကွင်း။


 Fig. Sky-9: စင်္ကာပူမြို့၏ ကောင်းကင်မြင်ကွင်း။



Fig. Sky-10: မဲလ်ဘုန်းမြို့၏ ကောင်းကင်မြင်ကွင်း။

Fig. Sky-11: ဆန်ဖရန်စ္စစကိုမြို့၏ ကောင်းကင်မြင်ကွင်း။


 Fig. Sky-12: ဗြူအဲနိုးအေးရီးမြို့၏ ကောင်းကင်မြင်ကွင်း။

AyeWinKyaw Blogpost 30.pdf

ayewinkyaw@ymail.com                                   SMS: 09 459 824 750
23-1-2017
                                                                                          ဆက်ရန်

No comments: