Thursday, January 19, 2017

29. Horoscope: a Sky Map (1)

ကောင်းကင်အမြင် ဇာတာခွင် (၁)


၁။ ကောင်းကင်အမြင် လေ့လာသင်ယူခြင်း၏ အကျိုးကျေးဇူး

ဆရာတော် ခင်ကြီးပျော်၏ အင်္ဂဝိဇ္ဇာ ဋီကာကြီး ၏
ပထမတွဲ၊ ဒုတိယကဏ္ဍ ၌
(၆၃) မဟာကာလ အစင်အကြယ်အဖွင့်၊ (၆၄) ရာသီစက်တွင်ချရန်အခါ အလုံးစုံနှင့် ဆက်ဆံသော ခယား စောက်ပုံ တို့ကို ဖေါ်ပြ ပြီးသည့်နောက် (၆၅ တနင်္ဂနွေအဖို့ ဂြိုဟ်နေဟန် ရာသီပုံများ၏ အဆုံးပိုင်း (စာ-၇၁) တွင်

ပြအပ်ခဲ့ပြီးသော ဆယ့်နှစ်ရာသီ အိမ်တို့၌ ဗဟိုချက်မူတွင် သူရဇ္ဇအခါဖြစ်လျှင် သူရဇ္ဇ၊ သောကြ အခါဖြစ်လျှင် လည်း သောကြ စ သည်ဖြင့် ထည့်သွင်းပြသရကား ထင်ရှားလှ၏။ (တူရာတူရာ ဟပ်ကြလေ) ထိုသို့ ဝေဖန် သဖြင့်လည်း လဂ်ရာသီကို တပ်သောအ ခါ ပိုင်အောင်ဖန်းနိုင်ကြစေ၊ ကာလ၏ ခဏဖြစ်သော နက္ခတ်တို့ သဘောသည် အလွန်လျင်သောသဘောရှိရကား မန္ဒပုဂ္ဂိုလ်တို့ အကျိုးငှာသာ ဂြိုဟ်နေဟန် ရာသီပုံတို့ကို ပြ ခြင်းဖြစ်သည်။ စင်စစ်အားဖြင့် ဗီဇနာမျှကိုသော်လည်း အလွန်အယုတ် မရှိအောင် အခါကို ပိုင်းခြားနိုင်ခြင်း သည်သာ ဝိဇ္ဇယမယ အတတ်ကို တတ်သည်မည်၏။ ဟူ၍လည်းကောင်း

တတိယတွဲ၊ အဋ္ဌမကဏ္ဍ (စာ-၈၄) အပိုဒ် ၁၁၂-နက္ခတ်တို့၏ သဏ္ဍာန်ကို ပြခြင်း။ တွင်

ဆိုအပ်လေပြီးသော နက္ခတ် ၂၇ လုံးတို့သည် နေ လ ရာသီသို့ လိုက်သဖြင့် ကောင်းကင်အပြင်သို့ သွားကုန် သည်ရှိသော် မိမိတို့၏ လမ်းခရီးများဖြင့်သာ များသောအားဖြင့် ညီညွတ်ခြင်းရှိရကား အကြင်အမျိုးကောင်း သားသည် ဤလ ဤနေ့တို့၌ ဤ နက္ခတ် ဤနက္ခတ်နှင့် ယှဉ်ကြောင်းကို သိရာ၏။ ထိုအမျိုးကောင်းသား သည် စင်စစ်လျှင် ကောင်းသော သမ္မာဆန္ဒအလိုအတိုင်း ပြည့်စုံလတ္တံ့သတည်း။ ဟူ၍လည်းကောင်း

တဖန် တတိယတွဲ၌ပင်၊ အဋ္ဌမကဏ္ဍ (စာ-၁၀၃) အပိုဒ် ၁၄၀-ပဟိုရ် နက္ခတ် ဓာတ်လေးပါးတို့၏ ဥပဒေသ။ တွင်လည်း

အကျယ် အကျယ်ဆိုအပ်သော ဓာတ်လေးပါးတို့၏ . . . ဤသို့ စသည်ဖြင့် အဖိုအမတို့ကို ပြုပြင်ကုန်၏၊ ထို့ကြောင့် ဖောက်ပြန်ခြင်း ဖြစ် ပျက်ခြင်းတို့ကို ဖန်ဆင်းလိုမူကား ဓာတ်လေးပါးကိုသာ ဆိုအပ်ပြီးသော နည်းလျှင်နည်း ရှိကုန်သည်ဖြစ်၍ ကောင်းကင် နေ လ နက္ခတ်အမြင်တို့နှင့် တကွ နှိုင်းညှိ၍ သိသည်စစ်မှန်က မအိုမသေဘဲလျှင် ဒါန စသော ပါရမီတို့နှင့် ပြည့်စုံမူကား အသင်္ခတနိဗ္ဗာန် မွန်သို့ ရောက်ကြောင်းဧကန်မှန်၏။ ထို့ကြောင့်လည်း ဓာတ်လေးပါးနှင်တကွ . . . ဟူ၍လည်းကောင်း

ကောင်းကင်အမြင် အတတ်ပညာ၏ အရေးကြီးပုံကို ရှေးပညာရှင်တို့က အလေးထား ဖေါ်ပြခဲ့ကြ ပါသည်။ ကောင်းကင်အမြင်ကို နားလည်၍ အင်္ဂဝိဇ္ဇာ အခါ(၈)ပါးအား စံနစ်တကျ တွက်ချက်ပိုင်းခြားလျှက် အခါတိုင် ထူ၍ဟောပြောခြင်း၊ မဟာကာလဇာတာ ချ၍ ဟောပြောခြင်း တို့လုပ်ဆောင်ခဲ့လျှင် အချိန်၏လွှမ်းမိုးမှု သဘောများကို လက်တွေ့မြင်ရှိ လက်ခံလာ နိုင်ကြမည် ဖြစ်ပါသည်။

၂။ နက္ခတ်တာရာကြည့် ဆော့ဖ်ဝဲဖြင့်ကောင်းကင်အမြင် လေ့လာခြင်း

Astrology on the sphere (11) စက်လုံးပေါ်မှာ ဗေဒင်တွက်မလား (၁၁) တွင် ၁၃။ ကောင်းကင်စက်လုံး နှင့် ၁၄။ ကောင်းကင်နှင့် မြေပြင် ဆက်စပ်ခြင်း တို့၌ ကမ္ဘာ့ အီကွေတာ၊ မြောက်ဖက်ခြမ်းနှင့် တောင်ဖက်ခြမ်း ဒေသတို့ရှိ ကောင်းကင်မြင်ကွင်းများ ပြောင်း လဲမြင်တွေ့နိုင်ပုံကို ကောင်းကင်စက်လုံး ပေါ်တွင် ရှင်းလင်း တင်ပြ ခဲ့ပါသည်။ သို့ရာတွင် ကောင်းကင်သို့ လက်တွေ့ကွင်းဆင်း မကြည့်ရှု့မခြင်း သဘောပေါက်ရန် မလွယ် ကူလှပါ။ တွက်ချက်မှု စက်လုံးအသုံးပြု ရှင်းပြမှု တို့နှင့်အတူ ကောင်းကင်အမြင် ကိုပါ တစ်ပြိုင်တည်း လေ့ လာမှသာလျှင် လွယ်ကူရှင်းလင်းသော အသိကို ရရှိစေနိုင်ပါသည်။ ရှေးယ္ခင်က မြူတိမ်ကင်းစင်သော ညဉ့်အ ခါတွင် ကွင်းဆင်းကြည့်ရှု လေ့လာခွင့် ရပါလျှင် နေရောက်ဆဲ ရာသီ နက္ခတ်တို့ ပတ်ဝန်းကျင်မှ လွဲ၍ကျန် သော ကြယ် နက္ခတ် တာရာတို့ နောက်ခံရှိသည့် လနှင့် ဂြိုဟ်တို့ကို မြင်တွေ့နိုင်ပါသည်။ နက္ခတ်တာရာပြခန်း (Planetarium) များ ပေါ်ပေါက်လာ သော အခါ၌ နေ့ညဉ့်မရွေး ချိန်ခါမရွေး လွယ်ကူစွာ သွားရောက်လေ့လာ ကြည့်ရှု လာနိုင် ကြပါသည်။ ယ္ခုအခါ၌ ခရီးသွားလာမှု အခက်အခဲကြောင့် အဆိုပါပြခန်းများသို့ သွားရောက် နိုင်ခြင်း မရှိခဲ့ပါလျှင်လည်း မိမိအိမ်၌ပင် နက္ခတ်တာရာကြည့် ဆော့ဖ်ဝဲ တခု ခု ကိုအသုံးပြု၍ လေ့လာနိုင်ပြီ ဖြစ်ပါသည်။

နက္ခတ်တာရာကြည့် ဆော့ဖ်ဝဲများစွာကို အင်တာနက်မှ အခမဲ့ရယူ အသုံးပြုနိုင်သော်လည်း စက်လုံးပေါ်မှာ ဗေဒင်တွက်မလား ခေါင်းစီးအောက်တွင် ဆက်လက်ဖေါ်ပြ မည်ဖြစ်သော ကောင်းကင်တိုင်းတာရေး စံနစ်တို့ ကို လေ့လာပြီးမှသာ နိုင်နင်းစွာ ကိုင် တွယ်သုံးစွဲ နိုင်မည်ဖြစ်ပါသည်။ ယ္ခုအချိန်အထိ ဆွေးနွေးခဲ့ပြီးသည့် မိုး ကုတ်စက်ဝိုင်း ကောင်းကင်အီကွေတာ နေသွားလမ်း စ သည်တို့ကို သိရှိထားယုံမျှဖြင့် အလွန်လွယ်ကူစွာ  အ သုံးပြု လေ့လာ နိုင်မည့် ဆော့ဖ်ဝဲမှာ ဂျွန်ဝေါ်လ်ကာ (JohnWalker) ၏ Skyscr32 (Sky Screen Saver for Windows.pdf) ဖြစ်ပါသည်။ ဤ စက္ကရင်ဆေဗာကို အသုံးပြုခြင်းဖြင့် ဒေသအလိုက် မိုးကုတ် စက်ဝိုင်း အထက်ရှိ မြင်ကွင်းတွင် မွန်းတည့်မျဉ်းကွေး၏ အနေအထား၊ ကောင်းကင်အီကွေတာနှင့် နေသွားလမ်းတို့ ဆက်စပ်ပုံနှင့် အချိန်နှင့် တည်နေရာတို့ အလိုက် ကောင်းကင်မြင်ကွင်း မည်ကဲ့သို့ ပြောင်းလဲနေသည်ကို လေ့ လာတွေ့ရှိ သွားမည်ဖြစ်ပါသည်။

၃။ Skyscr32 Screen saver

Skyscr32 3.1b ကို http://www.fourmilab.ch/ ဝက်ဘ်ဆိုက်မှ ဒေါင်းလုပ်ချ ရယူနိုင် ပါသည်။ ကွန်ပျူ တာတစ်လုံး၏ ရက်စွဲ၊ အချိန်၊ နှင့် အချိန်ပိုင်းဇုံ တို့အရ အချိန်နှင့်တပြေးညီ အထက်ကောင်းကင်မြင်ကွင်း အား ပြသနေမည့် screen saver တစ်ခုဖြစ် သည်။ ကောင်းကင်နက္ခတ် ကြည့်သူများနှင့် ဟူးရားဇာတာဖြင့် ဟောပြောသူတို့အတွက် အထောက်အကူကောင်း ဖြစ်စေမည့် ကောင်းကင်ကားချပ် တစ်ခုဖြစ်သည်။ Yale Bright Star ကတ်တလောက်မှ အလင်းအား (၇) အထိရှိသော ကြယ်ပေါင်း ၉ဝဝဝ ကျော်ကို နောက်ခံပြု လျှက် မိုးကုတ်စက်ဝိုင်း အထက်ရှိ နေ လ နှင့် ဂြိုဟ်အားလုံးတို့၏ ရောက်ဆဲ တည်နေရာတို့ကို ဂြိုဟ်သင်္ကေ တ များအားဖြင့် စက္ကရင်ပေါ်၌ တည်နေရာရွေ့တိုင်း ပြန်လည်ပြင်ဆွဲ ပြသလေ့ရှိသည်။

အဆိုပါ ကောင်းကင်မြင်ကွင်းကို မြေပြင်၌ လဲလျှောင်းလျှက် ကောင်းကင်သို့ မော့ကြည့်သော အနေအထား ဖြင့် ကြည့်ရှုရမည် ဖြစ်သည်။ ကမ္ဘာ့ မြောက် ဖက်ခြမ်းဒေသတွင် မြောက်အရပ် N ကို စက္ကရင်အထက်မှ ထား ရှိ ဖေါ်ပြထားသည့်အတွက် အရှေ့ E သည် လက်ဝဲဖက်၌ရှိပြီး  အနောက် W သည် လက်ယာဖက် တွင်ရှိမည် ဖြစ်သည်။ ကမ္ဘာ့ တောင်ဖက်ခြမ်း ဒေသတွင် တောင်အ ရပ် S ကို စက္ကရင် အထက်မှ ထားရှိဖေါ်ပြ ထားသော ကြောင့် အနောက် W အား လက်ဝဲဖက်၌ ဖေါ်ပြထား၍ အရှေ့အရပ် E သည် လက်ယာဖက် တွင်ရှိမည် ဖြစ် သည်။ အရပ်လေးမျက်နှာရှိ မိုးကုတ်စက်ဝိုင်း၊ အရှေ့- အနောက်ပြေးနေသော စိမ်းပြာရောင်-ကောင်းကင်အီ ကွေတာ မျဉ်းကွေး နှင့် ထို အီကွေတာမှ အနည်းငယ် တိမ်းစောင်းလျှက် ရှိသည့် အနီရောင်-နေသွားလမ်း တို့ ကို ရည်ညွှန်း၍ ကောင်းကင်ဝတ္တု (Cel- estial bodies) တို့၏ ထွက်ခြင်း၊ မွန်းတည့်ခြင်း နှင့် ဝင်ခြင်း စ သည့် ဒိသျှစက် (Visible hemisphere) အတွင်းဖြစ်စဉ် တို့ကို လွယ်ကူစွာ ပိုင်းခြား သိရှိနိုင်ပါသည်။

ဆက်လက် လေ့လာ၍ ဇာတာခွင်၏ ဘာဝပိုင်းခြားပုံ (House division systems) များကို သိရှိလာသည့် အခါ၌ ဤဆော့ဖ်ဝဲမှ ပြသသော မြင်ကွင်းသည် ပထနီဘာဝ မဇ္စျမှ မွန်းတည့် ကမ္မဘာဝကို ဖြတ်ကျော်လျှက် လဂ်(တနုဘာဝမဇ္စျ) အတွင်း တည်ရှိသော ကောင်းကင်ကားချပ် တစ်ခုဖြစ်ကြောင်း တွေ့ရှိလာကြရ မည်ဖြစ် ပါသည်။ ရှေ့တွင်ဖေါ်ပြမည့် တည်နေရာနှင့် အချိန်ပိုင်းဇုံ ထည့် သွင်းပုံကို သဘောပေါက်လာလျှင် ကျန်သော အဒိသျှစက် အတွင်းဖြစ်စဉ် တို့ကိုလည်း ကြည့်ရှုသွား နိုင်မည်ဖြစ်ပါသည်။

၄။ Skyscr32 အသုံးပြုနည်း


(၁) ကွန်ပျူတာ၏ စက္ကရင် (Desktop) ရှိ Sky အိုင်ကွန် (Shortcut) ပေါ်တွင် ညာကလစ်နှိပ်၍ Fig. Sky-1 ၌ပြထားသည့် အ တိုင်း တည်နေရာ အချက်အလက်ကို ရိုက်ကွင်းပြီး ပုံတွင်ဖေါ်ပြ စေလိုသည့် အသေးစိတ် များ အားရွေးချယ်ပါ။


(၂) Fig. Sky-2 ၌ပြထားသကဲသို့ အချိန်ပိုင်းဇုံကို ရွေးချယ်ပါ။ တည်နေရာပြောင်းတိုင်း အချိန်ပိုင်းဇုံကို  ပြောင်းရန် လိုပါသည်။

Fig. Sky-3 မှ Fig. Sky-7 အထိတွင် ရန်ကုန်မြို့ အပါအဝင် ကမ္ဘာပေါ်ရှိ အရှေ့ အနောက် တောင် မြောက် ဒေသအမျိုးမျိုး တို့၌ 18/1/2017 နေ့ ကမ္ဘာ့ စံတော်ချိန် (UT) 08:10 – 08:20 အချိန်ကာလ အတွင်း ကောင်းကင်မြင်ကွင်း ပြောင်းလဲမြင်တွေ့ရ ပုံကိုရှင်းလင်းတင်ပြ သွားပါမည်။ ဤတွင် အောက်ပါအချက် များ ကို အထူးအာရုံစိုက် လေ့လာမှတ်သားရန် အကြံပြုပါသည်။

(က) မြောက်/တောင်ဖက်ခြမ်းတွင် ကောင်းကင်မြောက်/တောင် ဝင်ရိုးစွန်းသည် မြောက်/တောင်အရပ်မှ
      လတ္တီတွဒ် တန်ဖိုးအလိုက်မြင့်တက်နေပုံ၊
(ခ)  ဝင်ရိုးစွန်း မြင့်တက်လာသည် နှင့်အမျှ ကောင်းကင်အီကွေတာ၏ မွန်းတည့်မျဉ်းအား ဖြတ်သောအမှတ်
      Q ရွေ့သွားပုံ။
(ဂ)  အမှတ် Q ရွေ့သော်လည်း ကောင်းကင်အီကွေတာသည် E နှင့် W တို့ကို အစဉ်အမြဲဖြတ်ဖြတ်လျှက်ရှိပုံ။
(ဃ) အီကွေတာ ဝန်းကျင်တွင် ဝင်ရိုးသည် မြေပြင်၌ လဲလျှောင်းနေပြီး ကောင်းကင်အီကွေတာသည်
      မျဉ်းဖြောင့်ကဲ့သို အရှေ့နှင့် အနောက်တို့ကို ဖြတ်လျှက် တည်ရှိပုံ။
(င) နေသွားလမ်းသည် ကောင်းကင်အီကွေတာကို တောင်မှမြောက်သို့တက်သောအမှတ် မဟာဝိသုဝအမှတ်
      ဖြစ်ပေါ်လာပုံ နှင့် မြောက်မှတောင်သို့ ဆင်းစဉ် ဇလဝိသုဝအမှတ် ဖြစ်ပေါ်လာပုံ။


Fig. Sky-3: ရန်ကုန်မြို့၌ နေ့လည် ၃-နာရီမထိုးမီ ဖြစ်သဖြင့် ပြင်ပ၌ ကောင်းကင်တွင် အနောက်မွန်းလွဲ ရောက် နေမှလွဲ၍ မမြင် နိုင်ပါ။ အကယ် ၍ မြင်နိုင်ခဲ့သော် ယ္ခုကဲ့သို့ ကောင်းကင်အီကွေတာနှင့် နေသွား လမ်းတို့၏ ပထမဖြတ်မှတ် မဟာဝိသုဝ အနီး၌ ရောက်ရှိနေသည့် မွန်းတည့်လုဆဲဆဲ အင်္ဂါနှင့် သောကြာတို့ အား မြင်တွေ့နိုင်မည်။ အရှေ့မြောက် ယွန်းယွန်းတွင် ထွက်ပေါ်ခါစ ဖျောက်ဆိပ်ကြယ်နှင့် ရောဟဏီတို့ကို တွေ့မြင်ရမည် ဖြစ်သည်။


Fig. Sky-4: နက္ခတ်တာရာ အားလုံးကို ညဉ့်ဖက်၌ မြင်နိုင်ခွင့်ရှိသော စင်္ကာပူ၏ မွန်းလွဲ ၄-နာရီကျော် မြင် ကွင်းဖြစ်သည်။ ဤတွင် ထူးခြားချက် တစ်ရပ်မှာ စင်္ကာပူသည် လောင်ဂျီတွဒ် 104deg.E = 6h56mE ခန့် သာရှိသော်လည်း အချိန် ၈-နာရီဇုံကို သတ်မှတ်ထား ရှိခြင်းကြောင့် စံတော်ချိန် မွန်းလွဲ ၄-နာရီကျော်တွင် နေ ကို မွန်းလွဲပိုင်းအလယ် ၃-နာရီခန့် အနေအထား၌ မြင်တွေ့ နေရခြင်းဖြစ် ပါသည်။


Fig. Sky-5: မဲလ်ဘုန်းမြို့၌ ကောင်းကင်တောင်ဝင်ရိုးစွန်းသည် တောင်အရပ် ၄၀-ဒီီဂရီ အမြင့်ခန့်၌ တည် ရှိခြင်းကြောင့် ကောင်း ကင်အီကွေတာ သည်လည်း ထိပ်တည့်မှတ်၏ မြောက်ဖက် ထိုတန်ဖိုးခန့်တွင် တိမ်း စောင်းဖြတ်သန်းသွားသည် ကိုတွေ့ရမည်။


Fig. Sky-6: ကြေးမုံတာရာ နှင့်အတူ ကောင်းကင်မြောက် ဝင်ရိုးစွန်းသည် ၄၀-ဒီဂရီနီးပါး မြင့်တက်လာခြင်း ကြောင့် မည်သည့် အခါတွင်မှ မဝင်သော မြောက်ဝင်ရိုးပတ်ကြယ် ပိုမိုများပြား လာသကဲ့သို့ တောင်ဖက်၌ မြုတ်ကွယ်နေသည့် မည်သည့်အခါမှ တွေ့မြင်နိုင်မည် မဟုတ်သော တောင်ဝင်ရိုးပတ်ကြယ်များလည်း ပိုမိုများ ပြား လာကြောင်းတွေ့ရပါမည်။ ကမ္ဘာ့အရှေ့ခြမ်း ဖြစ် သော ရန်ကုန်နှင့် စင်္ကာပူတို့၌ လ ကိုမြင်တွေ့နိုင်ခြင်း မရှိသောလည်လည်း ဤအနောက်ခြမ်း ဆန်ဖရန်စစ္စကိုနှင့် ဗြူအယ်နိုအေး ရီးတို့၏ ကောင်းကင်၌ တွေ့မြင် နိုင်သည်။ နေသွားလမ်းသည် ကောင်းကင်အီကွေတာအား မြောက်မှတောင်သို့ဆင်းစဉ် ဖြတ် သော အမှတ် ဖြစ်သည့် ဇလဝိသုဝသည် ဤကမ္ဘာ၏ အနောက်ဖက်ခြမ်း ကောင်းကင်၌ ရှိနေပါသည်။


Fig. Sky-7: ကမ္ဘာ့ အနောက်တောင်ခြမ်းရှိ အာဂျင်တီးနား နိုင်ငံ၏မြို့တော် ဗြူအယ်နို အေးရီးစ် မနက်အာရုံ တက် ဇလဝိသုဝမှတ် အနီးသို့ ရောက်ရှိနေသည့် လမွန်းတည့်ချိန် ဗုဒ္ဒဟူးနှင့်စနေ တက်ခါစ ကြာသပတေး မွန်းတည့်ခါနီး ဖြစ်သည်။


မှတ်ချက်။ 32-bit Systems ဖြစ်သော Windows XP နှင့် 2000 တို့အတွက် ထုတ်လုပ်ထားသည့် ဆော့ဖ်ဝဲ ဖြစ်သော်လည်း ယ္ခုအသုံးများသော 32-bit/64-bit Windows 7 တွင်လည်း ကောင်းစွာလုပ်ဆောင်ကြောင်း တွေ့ နိုင်ပါသည်။

ယ္ခုနောက်ဆုံးပေါ် နက္ခတ်တာရာကြည့် ဆော့ဖ်ဝဲ တို့တွင် ဒေသတစ်ခုကို ရွေးချယ်ကြည့်ရှု သောအခါ၌ အ ထက် ဖေါ်ပြပါ စက္ကရင်ဆေဗာကဲ့သို့ ကွန်ပျူတာ စံနစ်တွင် အချိန်ပိုင်းဇုံကို ပြောင်းလဲကြည့်ရှုရန် မလိုအပ် တော့ပါ။ ကြည့်လိုရာဒေသ၏ တည်နေရာ အလိုက် တွေ့ရမည့် မြင်ကွင်းကို အလိုအလျှောက် ပြသပေးမည် ဖြစ်ပါသည်။ ရှေ့တွင် ဆက်လက်တင်ပြ သွားမည့် Asynx Plan-etarium နှင့် Stellarium တို့တွင် ဒေသ တစ်ခုမှ တစ်ခုသို့ လွယ်ကူစွာ ပြောင်းလဲကြည့်ရှု သွားနိုင်ကြောင်း တွေ့ရမည် ဖြစ်သည်။ Skyscr32 version 3.1b ဖြင့် ဒေသပြောင်းလဲ ကြည့်ရှုပြီးသည့်အခါ မိမိနေရင်းဒေသ၏ အချိန်ပိုင်းဇုံသို့ ပြန်လည်ပြောင်း ရွေ့ ထားရန်လို အပ်ပါသည်။

AyeWinKyaw Blogpost 29.pdf
Sky Screen Saver for Windows.pdf  
Look for a Star.pdf
 

ayewinkyaw@ymail.com                                         SMS: 09 459 824 750
19-1-2017                                                                                      ဆက်ရန်

No comments: