Friday, April 13, 2018

67. Astrology on the sphere (19)


စက်လုံးပေါ်မှာ ဗေဒင်တွက်မလား ()

၂၄။ ပဓာနကြယ်-နက္ခတ် မွန်းတည့်ချိန်။


နက္ခတ်မွန်းတည့်ချိန် တွက်ချက်ရန် ပဓာနကြယ်၏ တက်ထောင့်မှန် တနည်းအားဖြင့် သူရိယ သိဒ္ဓ န္တ မြန်မာပြန်ကျမ်းအရ ဝိသုဝ အံသာ (RA) သည် အရေးအကြီးဆုံးသော တန်ဖိုးဖြစ်သည်။ ကြယ်တစ်လုံး၏ RA သည် ဒေသကြယ်ချိန် LST နှင့် တူညီသော အခိုက်အတန့်တွင် ထိုဒေသ၏ အထက်မွန်းတည့်မျဉ်း ပေါ်သို့ရောက်သည်။ ထို့ကြောင့် RA = LST ဟူသောအလွန်ရိုးရှင်း သည့် ညီမျှချင်းကို အသုံးပြု၍ လွယ်ကူစွာ တွက်ယူနိုင်သည်။ RA သည် မဟာဝိသုဝ အမှတ်မှ စတင်၍ ကောင်းကင်အီကွေတာ  တလျှောက် အရှေ့ဖက်သို့ တိုင်းတာသည့် တန်ဖိုးဖြစ်သည်။ LST ကို ဒေသတစ်ခု၏ အထက်မွန်းတည့်မျဉ်းမှ ကောင်းကင်အီ  ကွေတာ တလျှောက်ပင် အနောက်ဖက် ကြယ်ရှိရာသို့ တိုင်းတာသည်။ တနည်းအားဖြင့် ကြယ်တစ်လုံး ဖြတ်သန်းချိန်မှ စတင်၍ ဆင်းသက်  ရွေ့လျားဆဲ တည်နေရာသို့ လိုက်တိုင်းခြင်း ဖြစ်သည်။ RA သည် ကိန်းသေတန်ဖိုး တစ်ခုဖြစ်သော်လည်း LST မှာ ကမ္ဘာ့လည်ပတ်နှုန်းအရ တဖြည်းဖြည်းကြီးလာသည့် တန်ဖိုးဖြစ်သည်။ အဆိုပါကြယ် ဆင်းရာမှ ပြန်တက်လာပြီး နောက်တကြိမ် မွန်းတည့်မျဉ်ပေါ်သို့ ပြန်ရောက်သည့် ကာလအပိုင်းအခြားသည် ကြယ်ရက်တစ်ရက် နှင့်ညီမျှသည်။




မဟာဝိသုဝမှတ် (Vernal Equinox) မွန်းတည့်မျဉ်း-အနောက်အရပ်-သန်းခေါင်မျဉ်း နှင့် အရှေ့အရပ်တို့ကို ဖြတ်သန်း စဉ် ဒေသကြယ်ချိန်များမှာ 0h, 6h, 12h, 18h အသီးသီး ရှိကြောင်းကို  Fig. Sphere-125  တွင် သုံးဖက်မြင် စက်လုံးပုံဖြင့် ပြ ထားသည်။ ကြယ်ချိန်ပိုင်းဆိုင်ရာ တွက်ချက်မှု၊ ဖျမ်းမျှနေချိန်ပိုင်းဆိုင်ရာ ဆက်စပ်မှု တို့ကို လုပ်ဆောင်လျှင် Fig. Sphere-126
ပြထား သကဲ့သို့ ဝင်ရိုးတလျှောက် ကြည့်သည့် မြင်ကွင်း ပုံစံကို ဆွဲသားအသုံးပြုလျှင် လုံလောက်သည်။ ထိုအခါ ကောင်းကင်အီ  ကွေတာသည် မွန်းတည့်မျဉ်း၊ သန်းခေါင်မျဉ်း စသည်တို့နှင့် ကောင်းကင်ဝတ္တု ဆက်စပ်သော နာရီထောင့်များကို လွယ်ကူစွာ ဆွဲ သား တွက်ချက်နိုင်သည်။ ထို့အပြင် ဒေသတခုမှ အခြားဒေသတခုသို့ အချိန်ပြောင်းလဲ တွက်ချက်ရန် ဆိုင်ရာ မွန်းတည့်၊ သန်း  ခေါင်မျဉ်းများ (မြေပြင် လောင်ဂျီတွဒ်နှင့် တစ်ထပ်တည်း ကျသောမျဉ်း) များကိုလည်း ထည့်သွင်းဆွဲသား တွက်ချက်နိုင်သည်။

အလားတူ မွန်းတည့်ဆဲ ပဓာနကြယ်တစ်လုံး၏ RA သည် ထိုအခိုက်အတန့်ရှိ LST နှင့် မည်ကဲ့သို့ ဆက်စပ်တူညီ နေသည်ကို Fig. Sphere-127  တွင် ၃-ဖက်မြင်ပုံဖြင့်လည်းကောင်း၊ Fig. Sphere-128 -ဖက်မြင်ပုံ အဖြစ်လည်းကောင်း အသီးသီး ဖေါ်ပြ ထားပါသည်။ အထူးသတိပြု မှတ်သားရန် အချက်တခုမှာ ၃-ဖက်ပုံကို ဆွဲသားရာ၌ မွန်းတည့်မျဉ်းအား ကျော်ဖြတ်ဆင်းသွားဆဲ မဟာဝိသုဝရှိရာ အနောက်သို့ LST တိုင်းတာပုံနှင့် မွန်းတည့်မျဉ်းပေါ်ရှိ ကြယ်သို့ မဟာဝိသုဝမှ အရှေ့သို့ RA တိုင်းပုံတို့ ပေါ် လွင်စေရန် အနောက်မှ ကြည့်၍မြင်ရသည့် မြင်ကွင်းကို ဆွဲပြထားခြင်း ဖြစ်သည်။ 



၂၅။ ပဓာနကြယ်၏ RA မှ မွန်းတည့်ချိန် တွက်ယူနည်း။

၁။  RA  ကို LST တန်ဖိုးအဖြစ် ယူပါ။
      (ဒေသကြယ်ချိန်မှ ဂရင်းနစ်ကြယ်ချိန်သို့ ပြောင်းရန် ဒေသလောင်ဂျီတွဒ်ကို သုံးရန်)

၂။ GST သို့ပြောင်းရန် LST  မှ ဒေသဆိုင်ရာ လောင်ဂျီတွဒ် (Local longitude) ကို နှုတ်ပါ။

၃။ GST မှ ထိုနေ့အတွက် GST0 ကိုနှုတ်လျှင် ကြယ်ချိန်တာပိုင်း (Sidereal interval)  ကိုရမည်။

၎။ ကြယ်ချိန်တာပိုင်းကို နေချိန်တာပိုင်း (Solar interval) သို့ ပြောင်းရန် 1.0027379 ဖြင့်စားပါ။
     (တနှစ်ကြယ်ရက်ပေါင်း 366.2422 / တနှစ်ဖျမ်းမျှနေရက်ပေါင်း 365.2422 = 1.0027379)

၅။ ရလာဒ်သည် ဂရင်းနစ် စံတော်ချိန် ဖြစ်သဖြင့် လိုသောဒေသ စံတော်ချိန် သို့ပြောင်းရန် ဇုံနာရီ ဖြင့်ပေါင်းပါ။
     (ဂရင်းနစ် စံတော်ချိန်မှ လိုသောဒေသ၏ စံတော်ချိန်သို့ ပြောင်းရန် ဇုံနာရီကို သုံးရန်)





Messenger: Aye Win Kyaw                                                          SMS: 09 459 824 750
1
3-4-2018                                                                                        ဆက်ရန်
 


 

No comments: