Saturday, April 14, 2018

68. Myanmar Astronomy (1)


မြန်မာနက္ခတ္တဗေဒ  ()
                         
၁။ မဟာသင်္ကြန် အကျ-အတက် တွက်ခြင်း။

လွန်ခဲ့သော ()နှစ်က မြန်မာနိုင်ငံ ပြက္ခဒိန်အကြံပေးအဖွဲ့ နှစ်ပတ်လည် အစည်းအဝေးသို့ လေ့လာသူအဖြစ် တက်ရောက်ခွင့် ရရှိစဉ်က အောက်ဖေါ်ပြပါ အိက်ဆဲလ်လ် သင်္ကြန်ဂရိုဂရမ်ငယ်ကို ရေးသား၍ စာတမ်းတင်ခဲ့ဘူး ပါသည်။ ယ္ခုအခါ ဤဘလော့ဂ် သို့ လာရောက်လည်ပတ် သူအချို့က ပရိုဂရမ် ရေးသားရန် စိတ်ဝင်စား လာကြကြောင်း တွေ့ရသဖြင့် အနေအထား မွမ်းမံ၍ ပြန်လည်တင်ပြလိုက် ပါသည်။ လေ့လာ  ရေးသား ရာတွင် အထောက်အကူ ဖြစ်စေရန် မိမိ စင်္ကာပူ NUH တွင် 2012 က တက်  ရောက်ခွဲစိတ် ကုသခံစဉ်က ဒေါင်းလုပ်ချ ရယူခဲ့သည့် အိက်ဆဲလ် စာအုပ် ၂-အုပ်ကိုလည်း ပူးတွဲမျှဝေ ထားပါသည်။


သူရိယ သိဒ္ဓ န္တကျမ်းလာ တနင်္ဂနွေ ဂြိုဟ်စင်တွက်ရိုး ကိုအခြေခံ၍ ဤပရိုဂရမ်ကို ရေးသားထားသည်။ မဟာသင်္ကြန် အတက် ကို တွက်ချက်နည်းမှာ တိုက်ရိုက်တွက်ယူ နိုင်ခြင်းသဘောကြောင့် အပြန်အလှန် သဘောအဆင့်ဆင့် တွက်ယူရသည့် အကျတွက် ဖြင့် နှိုင်းယှဉ်လျှင် များစွာတိုတောင်း လွယ်ကူကြောင်း တွေ့နိုင်ပါသည်။ ပရိုဂရမ်ကို ဖေါ်မက်ထိန်းသိမ်း သည့်အနေဖြင့် ၈-လုံး စကားဝှက်ဖြင့် ပိတ်ထားရသော်လည်း ပုံသေနည်း အဆင့်ဆင့်ကို ကြည့်လိုလျှင် ပေးထားသော စကာဝှက် ထည့်သွင်းပြီးဖွင့်နိုင် ပါသည်။

တနင်္ဂနွေ ဂြိုဟ်စင်တွက်ရိုးတွင် မန္ဒဥစ် (Sun apsis) မှ မဈရဝိ (Mean Sun) ကို နှုတ်ခြင်းဖြင့် ရရှိသော မန္ဒကိန္ဒြ အား သိဒ္ဓ န္တဆိုင်း ဇယား (Siddhanta Sine Table) ဖြင့် မန္ဓပရိဓိ (Epi-circles) အရွယ်ညှိ၍ ပြင်ဆင်ချက် ရှာပြီး မဈတွင် ပေါင်း/နှုတ်ခြင်း အားဖြင့် ရဝိဖုဋ္ဋ (True Sun) ကို ရရှိသည်။ သို့ရာတွင် မဟာသင်္ကြန် အကျဟူသည်မှာ တနင်္ဂနွေ ရဝိဖုဋ အံသာသုဉ်း၍ နိရာယန ရာသီ စက်၏ အစသို့ ပြန်ရောက်ချိန် ကိုရှာရန် ဖြစ်ခြင်းကြောင့် အပြန်အလှန် တွက်ယူရသည်။

ဤပရိုဂရမ်ကို တွက်ကြည့်လိုသော ခရစ်နှစ် တစ်ခုတည်းသာ ထည့်သွင်းပေးရန် လိုသည်။ တွက်ရ တန်ဖိုးများမှ မြန်မာ အကျ/အ တက် ရက်စွဲသို့ပြောင်း နိုင်ရန် ပို့စ်(၄၂) တွင် ပြထားခဲ့သည့် တိုင်း ဝါထပ်မထပ် ထပ်ခဲ့လျှင် ဝါကြီးထပ်ဖြစ်သည် ဝါငယ်ထပ်သည် သင်္ကြန်အတက်နေ့၏ တန်ခူးလဆန်း ရက်ပေါင်း စသည်တို့ကို ပြက္ခဒိန် အကြံပေးအဖွဲ့မှ ကြေညာသော အခါ ဖြည့်သွင်းရန် လို ပါသည်။ ယ္ခု ပရိုဂရမ်သည် လာမည့် ၁၃၈၁-ခုနှစ် မဟာသင်္ကြန် အထိသာ အမှန်ကို ပြနိုင်မည် ဖြစ်ပါသည်။




Maha Thingyan Akya-Atet.xlsx (Password=O0AyeW1n)

(ဤ ဖိုင် run ရန် WPS Office ကို မိုဘိုင်းပေါ်တွင် ထည့်သွင်းထားရန် လိုပါသည်။)


Messenger: Aye Win Kyaw                                             SMS: 09 459 824 750
14-4-2018                                                                            
ဆက်ရန်


No comments: