Thursday, April 26, 2018

73. Nakhat Transit v-1


နက္ခတ် မွန်းတည့်ချိန် တွက်ရန် Nakhat Transit v-1

မွန်းတည့်ဆဲ နက္ခတ်တို့၏ ဒေသအလိုက် မြင်ကွင်းပြောင်းလဲမှု အားတွက်ကြည့် နိုင်ရန် Nakhat Transit v-1.xlsx ဖိုင်ကို တင် ထား  ပါသည်။  Spreadsheet program ဖိုင်တွင် ရှိ (Sheet) -ခုပါ ရှိသည်။ Stars DE, Stars Now, Range DE, နှင့် Range Now တို့ဖြစ်သည်။ Stars သည် ပဓာနကြယ် ကိုရည်ညွှန်းပြီး Range သည် နက္ခတ်နယ်အား ရည်ညွှန်းသည်။ DE သည် Data Entry ၏အတိုကောက် ဖြစ်၍ တွက်လိုသောရက်စွဲကို ရိုက်ထည့်သွင်း ပေးရန်ဖြစ်သည်။ Now မှာ တွက်သော နေ့စွဲကို ကွန်ပျူတာမှ အသုံးပြု၍ အလိုအလျှောက် တွက်ပေးမည် ဖြစ်သည်။ ရိုက်ထည့်သွင်း ရန်ရှိသမျှသော ရက်စွဲနှင့် တည်နေရာ အချက်အလက်တို့ကို Stars DE အစိမ်းရောင် ဆဲလ်များ၌ လုပ်ဆောင်ရန် ဖြစ်သည်။



အချက်အလက် ထည့်သွင်းရန် အသုံပြု ရမည့်ဆဲလ်များကို Fig. Nak. Trans-3 ဖေါ်ပြထားသည်။ ခရမ်းပြာရောင်များ ဖြင့်ပြထား  သော Sheet အညွှန်းတွင် လိုသော အချက်အလက်ကို မည်သို့ ရွေးချယ်နိုင်သည်ကို ဖေါ်ပြထားသည်။ တွက်ချက်မှုများကို ဂရင်း နစ်တွင် အခြေပြု တွက်ချက်ခြင်းကြောင့် ရလာဒ်များသည် ဂရင်းနစ် တစ်ရက်အတွက် ဖေါ်ပြထားကြောင်း တွေ့ရပါမည်။ ဥပမာ အားဖြင့် +6hr30m ဇုံရှိသော မြန်မာနိုင်ငံ အတွက် ရက်စွဲ 2018-07-27 ကိုထည့်သွင်းခဲ့လျှင် ရလာဒ်သည် 27-07-2018 06:30 မှ 2018-07-28 06:29 အထိ တွက်ချက် ဖေါ်ပြမည် ဖြစ်သည်။ ထို့နည်းတူ အောက်ဖေါ်ပြပါ နိုင်ငံများအတွက်

SGP +08:00 zone    : 27-07-2018 08:00 မှ 28-07-2018 07:59 အထိ

Thai +07:00 zone   : 27-07-2018 07:00 မှ 28-07-2018 06:59 အထိ

India +05:30 z0ne : 27-07-2018 05:30 မှ 28-07-2018 05:29 အထိ

တို့ဖြစ်သည်။


ရလာဒ် အသီးသီး၏ တန်ဖိုး အသေးစိတ်များကို Fig. Nak. Trans-4 တွင် ပဓာနကြယ် အတွက် လည်းကောင်း Fig. Nak. Trans-5 နက္ခတ်နယ် အတွင် လည်းကောင်း ရှင်းလင်း ဖေါ်ပြထား ရှိပါသည်။



Sheet -ခုစလုံးကို ရွေးချယ်ကြည့်ရှု သောအခါ တွေ့ရမည့် ပဓာနကြယ်များအတွက် ရလာဒ်အချက်အလက် များကို Fig. Nak. Trans-6 တွင်လည်းကောင်း၊ နက္ခတ် နယ်များအတွက် ရလာဒ် အချက်အလက်တို့အား Fig. Nak. Trans-7 လည်းကောင်း အသီးသီးတွေ့မြင်နိုင်မည် ဖြစ်ပါသည်။ ယ္ခု တွက်ချက်ဖေါ်ပြခဲ့ သောရလာဒ် အချက်အလက်များသည် သိပ္ပံ့ညာဆိုင်ရာ လေ့လာမှု    အင်ဂျင်နီယာ ပညာရပ်ဆိုင်ရာ တိုင်းတာမှု တို့အတွက် များစွာအသုံးကျ နိုင်ဖွယ်ရာ ဖြစ်သော်လည်း အများသူငါ အရပ်သားတို့၏ ဂမ္ဘီရ ပညာဆိုင်ရာ အသုံးချမှု အပိုင်းကဏ္ဍ တစ်ရပ်ဖြစ်လာနိုင် စေရန်ထပ်မံ ပြုပြင်မွမ်းမံ ရဦးမည် ဖြစ်ပါသည်။






Nakhat Transit v-1.xlsx  Password=O0AyeW1n)

Messenger: Aye Win Kyaw                                                           SMS: 09 459 824 750
26-4-2018                                                                                          
ဆက်ရန်
 


No comments: