Monday, April 16, 2018

69. Astrology on the sphere (20)


စက်လုံးပေါ်မှာ ဗေဒင်တွက်မလား ()
                         
၂၅။ ပဓာနကြယ်-နက္ခတ် မွန်းတညမည့် ထောင်မြင့်


ကြယ်တစ်လုံး မွန်တည့်ချိန်ကို RA တန်ဖိုးအား LST ဟုယူ၍ တွက်ချက်ခဲ့သည်။ LST  သည် ဒေသ၏ LON အပေါ် မူတည်တွက် ချက် ရခြင်းဖြစ်၍ LON တူညီခြင်း၊ ကွာခြားခြင်းကြောင့် ကောင်းကင်မြင်ကွင်း မည်ကဲ့သို့ တွေ့ရမည်ကို ဆန်းစစ်ကြည့်ပါမည်။ နမူနာအဖြစ် LON နီးသော ရန်ကုန်မြို့ရှိ မဟာဝိဇယ စေတီတော် (Location 169: LAT= 16d47’41”N, LON= 96d09’07”E) နှင့် အမရပူရမှ ကျောက်တော်ကြီးဘုရား (Location 41: LAT= 21d53’49”N, LON= 96d03’53”E) ကို ဥပမာကြည့်ပါမည်။ မြို့နှစ် မြို့၏ LON ကွာခြားချက်မှာ 96d09’07”E - 96d03’53”E = 5’14” = 20.93s ဖြစ်သည်။ LON တန်ဖိုးအားဖြင့်  မဟာဝိဇယ စေတီ သည် ကျောက်တော်ကြီး ထက်အရှေ့ဖက် သို့ပိုမိုကျရောက်သည်။ ထို့ကြောင့် ကြယ်တစ်လုံးသည် မဟာဝိဇယ၏ အထက်မွန်း တည့်မျဉ်းကို ကျော်ဖြတ်ပြီးနောက် ကြယ်ချိန်တာ အားဖြင့် 20.9s အကြာတွင် ကျောက်တော်ကြီး အား ဖြတ်ကျော် မည်။ တနည်း အားဖြင့် နေချိန်တာ 20.93s x 1.0027379 = 20.88s ကြာလျှင် ဖြတ်မည်။ ကြယ်တစ်လုံးသည် LON တူညီလျှင် တောင်မြောက် တစ်တန်းထည်းကျရောက်၍ ကောင်းကင်၌ ပြိုင်နက်ထည်း မွန်းတည့်ကြမည် ဖြစ်သည်။


အထက်ဖေါ်ပြပါ တည်နေရာနှစ်ခုအတွက် တပြိုင်နက်ထည်း မွန်တည့်ကြောင်းတွေ့ရ သော်လည်း LAT ကွာခြားခြင်း ရှိ၍ မွန်း တည့်မည့်အမြင့် တူညီခြင်း မရှိနိုင်ပါ။ ကောင်းကင်စက်လုံး အခြေခံသိပြီးသူ တို့အတွက် Fig. Sphere-129, 130, 131, 132 တို့၌ ကြ န္တီ DEC နှင့် လတ္တီတွဒ် LAT တို့မှဇိနတ်အကွာအဝေး ZD ကိုတွက်ယူပြီး ထိုမှ ထောင့်မြင့် ALT တွက်ယူပုံကို ဖေါ်ပြထားသည်။ 


Messen
ger: Aye Win Kyaw                                                                  SMS: 09 459 824 750
16-4-2018                                                                                               
ဆက်ရန်
 


No comments: