Wednesday, April 18, 2018

70. Myanmar Astronomy (2)


မြန်မာနက္ခတ္တဗေဒ  ()
                         
၂။ မဟာသင်္ကြန် အတက်-နှစ်ကူးချိန် နှင့် နှစ်ဆန်း ()ရက်နေ့များ။
 


ယ္ခုနှစ်အတွက် သူရိယ သိဒ္ဓ န္တ မဟာသင်္ကြန် အကျ နှင့် အတက် တို့ကို Maha Thingyan Akya-Atet.xlsx တွင်တွက်ပြခဲ့ပါသည်။ အဆိုပါ ပရိုဂရမ်တွင် မဟာသင်္ကြန် အတက်တွက်နည်းသည် သာဝနရက်ပေါင်း၊ စတုယုဂ်နှစ်ပေါင်း၊ တို့အပေါ် အခြေခံ၍ ရက်စွဲ ဖန်ရှင်များသုံးလျှက် တိုက်ရိုက်လွယ်ကူစွာ တွက်ယူနိုင်ကြောင်း တွေ့ခဲ့ပြီးဖြစ်သည်။ ယ္ခုဆက်လက်၍ အကျတွက်နည်း ပါဝင်ခြင်း မရှိပဲ အတက်တွက်နည်း ကိုသာယူလျှက် ()ရက်တိုးသော် မြန်မာနှစ်ဆန်း ()ရက် နေ့၏ ရက်တန်ဖိုး အဖြစ်ရ ယူ၍ အဆိုပါဖိုင် အား Fig. MM Astro-2 တွင်ပြထား သည်အတိုင် MyanmarNewYearDays.xlsx အဖြစ်စီစဉ် ထားပါသည်။ တွက်ပြထားသော ချက်အလက်များမှ အောက်ဖေါ်ပြပါ စိတ်ဝင်စားဖွယ်ရာတို့ ကိုတွေ့နိုင်ပါသည်။

() မြန်မာနှစ်ဆန်း ()ရက်သည် လွန်ခဲ့သော နှစ် (၁၀၀)ကျော်က ဧပြီလ (၁၆)ရက်နေ့ တွင်ကျရောက် ခဲ့သော်လည်း ယ္ခုနောက် ပိုင်း၌ ဧပြီလ (၁၇)ရက်နေ့များသို့ ပြောင်းလဲလာပြီ ဖြစ်သည်။ ဤရက်သည် အရပ်သုံး ဝေါဟာရ ရက်ဖြစ်သည်။

() နက္ခတ်ဗေဒင် အလိုအရ မြန်မာသက္ကရာဇ် ကူးပြောင်းချိန်သည် အတက်နေ့ အတာတက်ချိန် အခိုက်အတန့် ဖြစ်သည်။ ထို့  ကြောင့် အတက်နေ့၌ မွေးဖွားသူ တစ်ဦးဖြစ်ခဲ့လျှင် အတာမတက်မီ မဟာဘုတ်အကြွင်းနှင့် အတာကူးပြီး မဟာဘုတ်အကြွင်း တို့ကွာခြားမှု  ရှိနေမည်။ ဧပြီ(၁၅) သို့မဟုတ် ဧပြီ(၁၆) မွေးဖွားသူတို့အတွက် အထူးဂရုပြု စစ်ဆေးဟောပြော သင့်ပါသည်။

() အခြားတိုင်းပြည် များတွင်နေထိုင်သူတို့ အတွက် အတာတက်နေ့၊ တက်ချိန် နှင့် နှစ်ဆန်း ()ရက် ကျရောက်မည့် နေ့စွဲများ ဇုံနာရီ ပြောင်းထည့်ယုံဖြင့် လွယ်ကူစွာ တွက်ယူနိုင် ပါသည်။ သူရိယ သိဒ္ဓ န္တ တွက်ရိုးသည် လင်္ကာ၏ မွန်းတည့်မျဉ်းကို အခြေခံ ထားခြင်းကြောင့် လိုရာဒေသတစ်ခုခု အတွက် ယခုကဲ့သို့ အလွယ်တကူ ပြောင်းလဲတွက်ယူ နိုင်ခြင်း ဖြစ်ပါသည်။



 (Password=O0AyeW1n)

Messenger: Aye Win Kyaw                                                     SMS: 09 459 824 750
18-4-2018                                                                                  
ဆက်ရန်


No comments: