Thursday, April 19, 2018

71. Time and Altitude of Nakhat Meridian Transit


ပဓာနကြယ်-နက္ခတ် မွန်းတည့်ချိန်-ထောင်မြင့် တွက်ခြင်း။ 

မွန်းတည့်ဆဲ ပဓာနကြယ်တစ်လုံး မွန်းတည့်ချိန်နှင့် တည်နေရာထောင့်မြင့်တို့ ရှာယူပုံ အခြေခံသဘော ကိုတင်ပြပြီး ဖြစ်သည်။ ယ္ခုအခါ စိတ်ဝင်စားဖွယ်ရာ ကောင်းသော ဓနသိဒ္ဓနက္ခတ် အတွက်တန်ဖိုးများနှင့် ဒေသအလိုက် မြင်ကွင်းပြောင်းလဲမှု အားတွက် ကြည့်ပါမည်။ Fig. Nak. Trans-1 တွင် ရန်ကုန်မြို့ မဟာဝိဇယ စေတီမှ ၁၃၈၀ ခုနှစ် ဝါဆိုလပြည့်နေ့ 2018-7-27 သောကြာ နေ့ မြင်ကွင်း၏ တန်ဖိုးကိုတွက် ပြထားသည်။ Fig. Nak. Trans-2 ၌ ထားဝယ်မြို့မှ တွေ့ရမည့် မြင်ကွင်းတန်ဖိုးအား နှိုင်းယှဉ်ကြည့်ရှု နိုင်ရန် တွက်ပြထားသည်။ အသုံးပြုသည့် Spreadsheet program:  Nakhat Transit v-1 Star.xlsx ကိုပေးထား ပါသည်။ လောင် ဂျီတွဒ်တန်ဖိုး အလိုက် မွန်းတည့်ချိန် ကွာခြားမှုနှင့် လတ္တီတွဒ်တန်ဖိုး အလိုက် ထောင့်မြင့်/အရပ်မျက်နှာ ပြောင်းလဲပုံ တို့ ကို တွေ့ နိုင်ပါ သည်။ နက္ခတ်တို့သည် ကောင်းကင်ဝင်ရိုး၏ အထက်၌သာ မွန်းတည့် (Upper transit) ကြသည်။ အတွင်းတာရာအချို့ သည် အောက်၌လည်း မွန်းတည့် (Lower transit) နိုင်သည်။ အထက်၌ မွန်းတည့်လျှင် နာရီထောင့် (Hour Angle) သုညဖြစ်ပြီး ဇိနပ်၏ မြောက်တွင် မွန်းတည့်လျှင် အဇ္ဇမတ် (Azimuth) သုညဖြစ်၍ တောင်၌ မွန်းတည့်သော် အဇ္ဇမတ်180d ဖြစ်သည်။


Messenger: Aye Win Kyaw                                                 SMS: 09 459 824 750
19-04-2018        (Updated on: 23-04-2018)                      
ဆက်ရန်


No comments: