Sunday, April 16, 2017

42. Horoscopy using Excel 15



SwissHoro v-3 Date conversion

ဗေဒင်ကို အိက်ဆဲလ်နဲ့တွက်မလား ၁၅

၁၅။ ခရစ်နှစ် ရက်စွဲမှ မြန်မာရက်စွဲ သို့ပြောင်းလဲခြင်း


ဇာတာဖွဲ့ရန် အဓိကလိုအပ်ချက် ဖြစ်သည့်ရက်စွဲကို ယခုအခါတွင် ခရစ်နှစ်အားဖြင့် မှတ်သားလေ့ ရှိကြပါသည်။ ဆေးရုံမှ ထုတ်ပေးသော မွေးလက်မှတ် အိမ်၌မွေးဖွားသူအတွက် သူနာပြုဆရာမ၏ မှတ်တမ်းတို့တွင်လည်းခရစ်နှစ်ဖြင့်ပင်မှတ်သား  လေ့ရှိသည်။ နောင်ကာလ ရှည်ကြာ၍ ဇာတာဖွဲ့လိုသောအခါ ပြည့်စုံမှုရှိစေရန် မြန်မာ ရက်စွဲကို လိုအပ်လာသဖြင့် နှစ်-၁၀၀ ပြက္ခဒိန်ဖြင့် ပြောင်းယူလေ့ရှိ ကြပါသည်။ မကြာမီ တင်မည့် SwissHoro v-3 TY ပရိုဂရမ်တွင် Fig. Excel-89 ၌ ပြထားသော Tables sheet ရှိဇယားကို အသုံးပြု၍ ရက်စွဲများကို ပြောင်းလဲဖေါ်ပြ သွားပါမည်။


အထက်ပါပုံတွင်
ဆဲလ်နယ် (Range) DF5:DI125 တွင် နေရာယူထားသော BeginOfYrဇယား၌ ကော်လံအလိုက် အောက်ပါ တန်ဖိုးတို့ကို စီစဉ်ထည့်သွင်းထားသည်။
DF: မြန်မာသက္ကရာဇ်နှစ်
DG: နှစ်အမျိုးအစား (0=သာမန်နှစ်၊ 1=ဝါငယ်ထပ်နှစ်၊ 2=ဝါကြီးထပ်နှစ်)
DH: နှစ်သစ်သို့ ဝင်ရောက်ပြီးသော တန်ခူးလ၏ ရက်အရေအတွက်
DI: အတာအတက်နေ့ကျရောက်သည့် သာဝနရက်ပေါင်း

DL5:DO434 နေရာယူထားသော mmCals  ဇယား၌ ကော်လံအလိုက် အောက်ပါတန်ဖိုးတို့ကို တွေ့နိုင်သည်။
DL: တန်ခူးလဆန်းမှ မဟာသင်္ကြန် အတက်နေ့အထိ ရက်ပေါင်း
DM: သာမန်နှစ်၏ လ၊ ရက်များ
DN: ဝါငယ်ထပ်နှစ်၏ လ၊ ရက်များ
DO: ဝါကြီးထပ်နှစ်၏ လ၊ ရက်များ

Comp sheet တွင် Fig. Excel-90 တွင် ပြထားသည့်အတိုင်း ခရစ် နှစ်၊ လ၊ ရက် (နာရီ၊ မိနစ်၊ စက္ကန့်) တို့ကို ရိုက်သွင်းပြီး  သည်။ အချိန်တန်ဖိုးကို လတ်တလော မလိုအပ်သေး သော်လည်း ပြည့်စုံမှု ရှိစေရန် ရိုက်သွင်းထားသည်။


ထိုအခါ Fig. Excel-91 ပြထားသည့်အတိုင်း D32 ဆဲလ်တွင် ဖေါ်မျူလာဘားတွင် တွေ့နိုင်သော ညီမျှခြင်းဖြင့် မြန်မာသ က္ကရာဇ်နှစ်ကို တွက်ထုတ်သည်။ တဖန် အဆိုပါရလာဒ်ဖြင့် Fig. Excel-92 တွင်ပြထား သကဲ့သို့ D33 ဆဲလ်၌ မြန်မာလနှင့် ရက်တို့ကို တွက်ထုတ်သည်။



Comp sheet ၌ တွက်ရလာဒ်ကို Chart နှင့် Print sheet တို့၏ H5 မှ Fig. Excel-93 တွင် ပြထားသကဲ့သို့ ခေါ်ယူပြီ ပေါင်း
 စပ်ပြသသည်။ မြန်မာပြက္ခဒိန်တွင် ဝါထပ်ရက်ငင် အဆုံးအဖြတ်ကို မြန်မာနိုင်ငံ ပြက္ခဒိန် အကြံပေးအဖွဲ့မှစည်းဝေးဆုံးဖြတ်၍
 ကြိုတင်ကြေ ညာလေ့ရှိသည်။ ယခုဖေါ်ပြထားသည့်  mmCals တွင် မြန်မာသက္ကရာဇ် ၁၃၇၉-ခုနှစ် အထိသာထည့်သွင်းထား
ရှိပါသည်။ အနာဂါတ် ကာလတွင် ပြက္ခဒိန် အကြံပေးအဖွဲ့မှ ထပ်မံကြေညာချက်များ ရှိလာသောအခါ၌ နှစ်အမျိုးအစားသင်္ချာ၊ 
တန်ခူး လဆန်းမှ အတက်နေ့အထိ ရေတွက်ရသည့် ရက်ပေါင်းတန်ဖိုးတို့ကို Fig. Excel-94 တွင်ပြထားသည့် အတိုင်း D39:E41 နယ်၌ ဖြည့်သွင်း ပြင်ဆင်နိုင်ပါသည်။





Telegram  userID: AWKyaw                                                                       SMS: 09 459 824 750
16-4-2017                                                                                                       ဆက်ရန်



No comments: