Tuesday, April 18, 2017

44. Horoscopy using Excel 17



SwissHoro v-3 Ephemeris data entry-1

ဗေဒင်ကို အိက်ဆဲလ်နဲ့တွက်မလား ၁  

၁၇။ ဆွစ်ဂြိုဟ်သွား ပြက္ခဒိန်မှ ဂြိုဟ်သွားတန်ဖိုး ကူးယူတွက်ချက်ခြင်း

ဇာတာဖွဲ့ယူပုံ အဆင့်ဆင့်ကို လေ့လာကြည့်ရှုနိုင်ရန် ပေးထားသော SwissHoro v-3.0 TY.xlsx ကို ဖွင့်လျှင်အချက်အလက် များထည့်သွင်းထားခြင်း မရှိသေးသည့်အတွက် Fig. Excel-98 တွင်ပြထား သကဲ့သို့ သုညများသာ ပြနေမည်ဖြစ်သည်။ နမူ နာ အနေဖြင့် 1902-10-19 တနင်္ဂနွေနေ့ ၁၁း၀၀ နာရီ အချိန်၌ ရမည်းသင်းမြို့တွင် ဖွားမြင်သည့် ဇာတာခွင်ကို တွက်ကြည့် မည်။ ရှေးဦးစွာ E4:E6 တွင် နှစ်၊ လ၊ ရက်၊ နှင့် E9:E11 နာရီ၊ မိနစ်၊ စက္ကန့် တို့ကို Fig. Excel-99 ၌ပြထား သကဲ့သို့ ရိုက်သွင်းသည်။ ထို့နောက် တည်နေရာ ရမည်းသင်းသည် ပေးထားသောဇယားတွင် ပါဝင်ခြင်းမရှိ၍ ပြခဲ့သော နည်းအရ ရှာဖွေ ပြီး ယခင်ပို့စ် Fig. Excel-95 ဖေါ်ပြခဲ့သည့် အတိုင်း ရိုး 44 တွင်ရိုက်ထည့်သည်။ တည်နေရာ ရည်ညွှန်းမှတ် အဖြစ် E13 တွင် 0 (သုည) ကိုရိုက ည့်သည်။ H2 တွင် ဇာတာရှင်၏ အမည်ကို ဖြည့်သွင်းသည်။ မွေးရက်စွဲ၊ မွေးချိန် နှင့် တည်နေရာ ရည်ညွှန်းမှတ်တို့ ထည့်သွင်းပြီးသည်နှင့် တပြိုင်နက် ဂြိုဟ်သွားပြက္ခဒိန်မှ GST နှင့် ဂြိုဟ်တန်ဖိုးတို့ ကူးယူရမည့် ရက်စွဲ ၂-ခု ကို ဖေါ်ပြမည် ဖြစ်သည်။ ထိုအခါ မှန်ကန်စွာ ကူးယူရိုက်ထည့်ရန် ဖြစ်ပါသည်။ ဤအဆင့်သည် ကမ္ဘာပေါ်တွင် တခုသော အ ခိုက်အတန့်၌ တပြိုင်နက်ထည်း ဖွားမြင်သူတို့ အတွက် ရလာဒ်အားဖြင့် တူညီနေမည် ဖြစ်ပါသည်။





ပရိုဂရမ်က နမူနာ ရက်စွဲနှင့် အချိန်တို့မှ ဂရင်းနစ်ရှိ ရက်စွဲနှင့် UT သို့ ရှေးဦးစွာ ပြောင်းသည်။ ထို့နောက် ဂြိုဟ်သွားပြက္ခဒိန် မှ တန်ဖိုးတို့ ကူးယူရမည့် ရက်စွဲ ၂-ခု ကို ဖေါ်ပြသည်။ ဤတွင် တွက်လိုသေ ဒေသသည် ဂရင်းနစ်၏ အရှေ့ဖက်သို့ရောက် သည်၊ အနောက်ဖက်သို့ရောက်သည်၊ အချိန်သည် ဇုံနာရီထက်ကြီးသည် ဇုံနာရီအောက်ငယ်သည်၊ စသည့် အချက်တို့ပေါ် မူတည်လျှ က် အောက်ပါအတိုင်း စီစဉ်ဖေါ်ပြပေးပါသည်။

() ဂရင်းနစ်၏ အရှေ့သို့ကျပြီး အချိန်သည် ဇုံနာရီထက်ကြီးသော် ယနေ့ရက်စွဲနှင့် မနက်ဖြန်ရက်စွဲ
     ဥပမာ။ 1902-10-19, 11:00h, 6.5h zone အတွက် 1902-10-19/1902-10-20 တို့ကို ထည့်သွင်းရန်
() ဂရင်းနစ်၏ အရှေ့သို့ကျပြီး အချိန်သည် ဇုံနာရီအောက်ငယ်သော် ယမန်နေ့ရက်စွဲနှင့် ယနေ့ရက်စွဲ
     ဥပမာ။ 1902-10-19, 05:00h, 6.5h zone အတွက် 1902-10-18/1902-10-19 တို့ကို ထည့်သွင်းရန်
() ဂရင်းနစ်၏ အနောက်သို့ကျပြီး အချိန်သည် (24h- ဇုံနာရီ) ထက်ကြီးသော် မနက်ဖြန်ရက်စွဲနှင့် သဘက်ခါရက်စွဲ
      ဥပမာ။ 1946-06-14, 10:45h, -4h zone အတွက် 1946-06-14/1946-06-15 တို့ကို ထည့်သွင်းရန်
() ဂရင်းနစ်၏ အနောက်သို့ကျပြီး အချိန်သည် (24h-ဇုံနာရီ) အောက်ငယ်သော် ယနေ့ရက်စွဲနှင့် မနက်ဖြန်ရက်စွဲ
       ဥပမာ။ 1946-06-14, 22:45h, -4h zone အတွက် 1946-06-15/1946-06-16 တို့ကို ထည့်သွင်းရန်
 






အမှန်အားဖြင့် ပရိုဂရမ်တွင် DATE(year,Month,day) ဖန်ရှင်ကို အသုံးပြု၍ တွက်ချက်ခြင်းကြောင့် အထက်ဖေါ်ပြပါ ရက် စွဲပြောင်းလဲ သတ်မှတ်ခြင်း အဆင့်အား အလိုအလျှောက် လုပ်ဆောင်သွားမည် ဖြစ်ပါသည်။ နမူနာဇာတာ အတွက် ဂြိုဟ် များကို Fig. Excel-100 တွင်ပြထားသည် Swiss Ephemeris 2017 မှ ကူးယူ၍ Fig. Excel-101 ၌ပြထားသကဲ့သို့ ထည့် သွင်းလျှင် ရိုး 11 နှင့် တို့ 12 တွင် ဒဿမတန်ဖိုး တွက်ယူသည်။

၁၈။  ဂြိုဟ်စင်ဘုတ္တိဖြတ်၍ နဝင်း၊ နက္ခတ်စီး စသည်တွက်ခြင်း။


နှစ်ရက်အတွက် ဂြိုဟ်သွားတန်ဖိုးများမှ အောက်ဖေါ်ပြပါ နဝင်းစီး၊ နက္ခတ်စီး၊ စ သည်တို့ကို ထပ်ဆင့်တွက်ယူသည်။
Row 13: -ရက်တက် ဂြိုဟ်သွား
Row 14: လိုသောအချိန်အထိ တက်သည့်တန်ဖိုး
Row 15: သာယနဂြိုဟ်စင်
Row 16: နိရာယနဂြိုဟ်စင်
Row 17-19: ရာသီ (Sign)-အံသာ (Degree)-လိတ္တာ(Minute)
Row 20: အတည့်သွား/နောက်ဆုတ်သွား (Direct/Retrograde)
Row 21: နဝင်း ၁၀၈-လုံးတွင် စီးသောနဝင်း
Row 22: နဝင်းစက်တွင် ထည့်သွင်းရမည့် ရာသီခွင်
Row 23-25: နက္ခတ်-ဃဋီ-ဝိဃဋီ
Row 26: နက္ခတ်သ္ခင်ဂြိုဟ်
Row 27: ဘုတ္တိနက္ခတ် သ္ခင်ဂြိုဟ်
Row 29: ဘာဝတွက်ပြီးမှ ရမည်
Row 30: စန်းစီးနက္ခတ်
Row 31: တိထီ
Row 32: ယုဂ်
Row 33: ကရိုဏ်း
Row 34: ဒသာနှစ်ကြွင်း

 

Comp sheet မှ အထက်ဖေါ်ပြပါ အတိုင်းတွက်ချက် ရလာဒ်များကို Chart နှင့် Print sheet တို့သို့ Fig. Excel-102 တွင် ပြထားသည့်အတိုင်း ခေါ်ယူဖြည့်သွင်းသည်။

ယခုအချိန်အထိ တွက်ချက်ရရှိသော ဂြိုဟ်စင်နှင့် နဝင်းစီး၊ နက္ခတ်စီး၊ တိထီ၊ ယုဂ်၊ ကရိုဏ်း၊ ဒသာနှစ်ကြွင်း အစရှိသောတန် ဖိုး အသီးသီးသည် ထိုအခိုက်အတန့်၌ ကမ္ဘာမြေအနှံ့တွင် တပြိုင်နက်ထည်း မွေးဖွားလာကြ သူတို့အတွက် တူညီမည် ဖြစ် သည်။ ရှေ့ဆက်လက်၍ မွေးဒေသ၏ လတ္တီတွဒ်၊ လောင်ဂျီတွဒ် တို့ကိုအသုံးပြု၍ လဂ်နှင့်တကွ ဘာဝအသီးသီး တွက်ချက် ပိုင်းခြားသော အခါမှသာလျှင် လဂ် ၁၂-ပါးနှင့်တကွ အကျိုးပေး ခြားနားသည့် ဇာတာခွင်တို့အား ရရှိလာကြမည် ဖြစ်သည်။

Telegram userID: AWKyaw                                                              SMS: 09 459 824 750
18-4-2017                                                                                       ဆက်ရန်

No comments: