Wednesday, April 26, 2017

46. Horoscopy using Excel 19



SwissHoro v-3 Ephemeris data entry-3

ဗေဒင်ကို အိက်ဆဲလ်နဲ့တွက်မလား ၁၉  

ဂြိုဟ်တို့၏ ဘုတ္တိဂြိုဟ်စင်မှ ဥစ်၊ ကသစ်၊ မိတ်၊ နိစ်၊ ရန် စသည်တို့ကို တွက်ချက်လျှက် နဝင်းစသည့် ဝဂ္ဂများအား ချမှတ်ပြီး သည့် အခါ၌ ကောင်းကျိုးဆိုးပြစ်ကို မည်သို့မည်ပုံ ဆောင်နိုင်သည်ကို သိရှိနိုင်ရန် လဂ်စင်လဂ်မှန်အား တွက်ထုတ်ရန်လို အပ်လာပါသည်။ ဒေသတစ်ခု၏ အရှေ့မိုးကုတ်စက်ဝိုင်းနှင့် ရာသီစက်တို့ ဖြတ်ဆဲအမှတ်ကို ဥဒယလဂ် ဟုခေါ်သည်။ လဂ် သည်တစ်နေ့လျှင် ရာသီစဉ် ဆယ့်နှစ်ရာသီ ပြည့်အောင်ကူးပြောင်း၍ တစ်ပတ်လည်သည်။ အကြမ်းဖျင်း အားဖြင့် ၁-ရာသီ တွင် ၂-နာရီကြာခန့် ရပ်တည်၍ နောက်ရာသီသို့ ကူးပြောင်းလေ့ရှိသည်။ တိကျသော လဂ်တန်ဖိုးကို မြန်မာနက္ခတ် တွက် ရိုးတွင် သာယနရဝိ (Tropical Sun) အပေါ်၌ မူတည်သည့် နေသွားနည်း အားဖြင့်တွက်ယူသည်။ မွေးချိန်ကို မှတ်သားရာ၌ မြန်မာ့ရိုးရာ ရှစ်တိုင်ထူ နာရီလှည့်၍ ကျော်နာရီဖြင့် မှတ်သားခဲ့စဉ်က နေသွားနည်းက မှန်ကန်သော ရလာဒ်ကို ပေးခဲ့သည်။ ယ္ခုခေတ်တွင် စက်နာရီစံနစ်ဖြင့် အချိန်ပိုင်းဇုံပိုင်းခြား မှတ်သားသောအခါ လိုအပ်သော ပြင်ဆင်ချက်များကို မှန်ကန်စွာထည့် မှ မှန်သည့်အဖြေ ရနိုင်သည်။ သို့ရာတွင် တွက်ချက်မှု အဆင့်များခြင်းကြောင့် ယ္ခုအခါ ကမ္ဘာ့ဒေသမရွေး လွယ်ကူလျင်မြန် တွက်ယူနိုင်သည့် ကြယ်နာရီစံနစ် ဖြင့်တွက်ယူလာ ကြပါသည်။

၁၀။ ဒေသကြယ်နာရီဖြင့် လဂ်နှင့် ဘာဝများတွက်ခြင်း

ဆွစ်ဂြိုဟ်သွား၏ ပထမကော်လံ၌ ပေးထားသည့် ဂရင်းနစ် သုညနာရီရှိ ကြယ်နာရီ တန်ဖိုးတို့ကို ဖေါ်ပြထားသည့် ရက်စွဲအ ရ Fig. Excel-106 တွင်ပြထားသည့်အတိုင်း ဖြည့်သွင်းရန် ဖြစ်သည်။ ဂြိုဟ်ဘုတ္တိဖြတ်စဉ် အခါက တည်နေရာ အချက်အ လက်တန်ဖိုးမှ အချိန်ပိုင်းဇုံ တစ်ခုတည်းကိုသာ အသုံးပြု ခဲ့ပါသည်။ ယ္ခုလဂ်နှင့်ဘာဝများ တွက်ချက်ရာ၌ ဒေသဆိုင်ရာ မိုး ကုတ်စက်ဝိုင်းနှင့် မွန်းတည့်စက်ဝိုင်းတို့ကို ရည်ညွှန်းရန်အတွက် လတ္တီတွဒ်နှင့် လောင်ဂျီတွဒ်တို့အား အသုံးပြုရမည် ဖြစ်ပါ သည်။ 



Fig. Excel-107 ရှိ တွက်နည်းပုံစံK11 ရှိ ဂရင်းနစ် ကြယ်နာရီမှ ဆဲလ် AR19 တွင် ဒေသကြယ်နာရီ (LST=Local Side-real Time) ကိုတွက်သည်။ တွက်ရတန်ဖိုးသည် AQ36 တွင် ဂြိုဟ်သွားမှ GST မပါပဲတိုက် ရိုက်ပုံသေနည်းဖြင့် တွက်ရတန်ဖိုး နှင့် ကွာခြားမှု ၁-စက္ကန့်အတွင်း ရှိရပါမည်။ ဒေသကြယ်ချိန်ကို ဒဿမဒီဂရီသို့ ပြောင်း၍ ၁၀-တန့်(ကမ္မဘာဝ) တွက်ချက် ရန် မွန်းတည့်မျဉ်း၏ တက်ထောင့်မှန် (Right Ascension of Medium Coeli) အဖြစ် AU20 ၌လည်းကောင်း၊ အဆိုပါတန်ဖိုး တွင် ၉၀ဒီဂရီ ထပ်ပေါင်းပြီး လဂ် (-တန့် ဘာဝ) တွက်ချက်ရန် အရှေ့မိုးကုတ် စက်ဝိုင်း၏ တက်ထောင့်မှန် (Right Ascen-sion of East-ern Horizon) အဖြစ် AR23 ၌လည်းကောင်း အသီးသီး တွက် ချက်သည်။ တွက်ချက်နည်း အသေးစိတ်ကို ဆဲလ်တစ်ခုချင်း ပေါ်၌ ကာဆာတင်၍ အသုံးပြုထားသည့် ပုံသေနည်းတို့ ကိုကြည့်ရှုနိုင်ပါသည်။ ဆဲလ် AR24 တွင် ရောက် ရှိဆဲ နေသွား လမ်း၏ အီကွေတာမှ တိမ်းစောင်းသည့်ထောင့် ကိုတိုက်ရိုက် တွက်ချက် အသုံးပြုထားသည်။ စက်လုံးတြိဂံကို ဖြေရှင်းရရှိ  သော ရလာဒ်သည် သာယန လဂ်များဖြစ်သည်။ E27 ၌ ရွေးချယ်  ထားသော အယနတန်ဖိုးကို နှုတ်ယူခြင်း အား ဖြင့် မြဲသော ရာသီစက် နောက်ခံပြုသည့် နိရာယနလဂ်တို့ကို AU28 နှင့် AR31 တွင်ရရှိ ဖေါ်ပြသည်။

အဓိကဘာဝ ၂-ခုဖြစ်သော လဂ်နှင့် ၁၀-တန့်တို့ ရရှိပြီးသောအခါ ဘာဝ၁၂-ပါး စိတ်ပိုင်း၍ ဘာဝစက်တွင် ဂြိုဟ်များကို စီစဉ် ထားရှိ နိုင်ပြီဖြစ်သည်။ လဂ်နှင့် ၁၀တန့်ဘာဝတို့တွက်ချက်ရယူပုံ နည်းစံနစ်မှာ နက္ခတ္တဗေဒနှင့် သင်္ချာသဘောများအရ အ
နောက်တိုင်းနှင့် အရှေ့တိုင်းတို့ တူ ညီကြပါသည်။ နောက်ခံကွာခြားမှုကြောင့် တန်ဖိုး၂-စုံတို့သည် သီးခြားဟုယူဆဖွယ်ရာ
 ဖြစ်သည် ။အနောက်တိုင်းဇာတာခွင် ကိုလှည်းဘီးပုံစံချ၍ လက်ဝဲဖက် ရေပြင်ညီမှတ်၌လဂ်၊ အထက်တည့်တည့် ကောင်း
ကင်အမှတ်တွင် ၁၀-တန့်တို့ကိုအမှတ် အသားပြုလျှက် လက်တွေ့ကောင်းကင်အမြင်နှင့် ကိုက်ညီအောင်ဆွဲပြသည်ကို
 တွေ့ နိုင်ပါသည်။ အရှေ့တိုင်းဇာတာသည် မြဲသောရာသီစက်၊ နက္ခတ်စက်တို့ကို ဦးစားပေး ဖေါ်ပြသည့်အနေဖြင့် ၁၂ရာ
သီခွင်များက မပြောင်းလဲပဲ လဂ်ကသာ လျှင် လက်ဝဲရစ် ပြောင်းလဲစေသည့် သဘောဖြစ်ပါသည်။

ဤတွင် ဘာဝများကို သိရီပတိ ပဒ္ဒတိကျမ်း၌ ဖေါ်ပြထားသည့် မူအတိုင်း လဂ်တန်ဖိုးကို ၄-တန့်မှနှုတ်၍ ၆-ဖြင့်စားရကိန်းကို လဂ်တွင်ပေါင်းသော် ၁-၂ သန္ဓိ၊ ထပ်ပေါင်းသော် ၂-တန့်မဇ္ဈ၊ ထပ်ပေါင်းသော် ၂-၃ သန္ဓိ၊ စသည်ဖြင့် ၃-တန့်မဇ္ဈ၊ ၃-၄ သန္ဓိ
 နောက်ဆုံး ၄-တန့်မဇ္ဈ တန်ဖိုးဖြင့် ကိုက်ညီသည် အထိတွက်ယူသည်။ အဆိုပါ တွက်ရတန်ဖိုးများ၏ သမသတ် ၆-ရာတို့၌ ၇-၈ သန္ဓိ၊ ဂ-တန့်၊ ၈-၉ သန္ဓိ စသည်တို့ တည်ရှိခြင်းကြောင့် လွယ်ကူစွာ တွက်ယူနိုင်သည်။ အလားတူ ၇-တန့်မှ ၄-တန့်ကို နှုတ်ယူ ပိုင်းခြားတွက်ချက်ခြင်းဖြင့် ထိုအတွင်းရှိ သန္ဓိ၊ မဇ္ဈ စသည်တို့ကို ရရှိသည်။ မဇ္ဈသည် ဘာဝ၏ ဗဟိုချက်ဖြစ်၍ သန္ဓိ သည် ဘာဝ၂-ခု ကူးပြောင်းသော နယ်နမိတ် ဖြစ်သည်။


ဘာဝပိုင်းခြား တွက်ရတန်ဖိုးများကို ဘာဝစက်၊ ဘာဝသို့ ဂြိုဟ်တို့၏ အမြင်နှင့်တကွ Fig. Excel-108 ၌တွေ့နိုင်ပါ သည်။ ဗေဒင်ဟောပြောရာတွင် အထူး အရေးပါသော ထိုနေ့ထိုဒေသ၏ နေထွက်၊ နေဝင်ချိန်တို့ကို စံတော်ချိန်စံနစ် အားဖြင့် အ မည်၊ ရက်စွဲစသည့်ခေါင်းစီး၏ ယာဖက်တွင် ဖေါ်ပြထားပါသည်။ အဆိုပါအချိန်တို့သည် မြန်မာကျော်နာရီ တွက်ချက်ခြင်း၊ အင်္ဂဝိဇ္ဇာနည်းအရ အခါပိုင်းခြင်းတို့ အတွက် များစွာအသုံးဝင်ဖွယ်ရာ ရှိပါသည်။





Telegram userID: AWKyaw                                                       SMS: 09 459 824 750
26-4-2017                                                                                                   ဆက်ရန်


No comments: