Wednesday, April 12, 2017

40. Horoscopy using Excel 13



Computation of planetary aspects

ဗေဒင်ကိုအိက်ဆဲလ်နဲ့ တွက်မလား  ၁၃


၁၃။ ဂြိုဟ်မြင်များ တွက်ချက်ခြင်း။

ဇာတာတစ်စောင်အား ဆန်းစစ်ဟောပြောရာတွင် ဂြိုဟ်ရပ်၊ ဂြိုဟ်ယှဉ် တို့နှင့်အတူ ဂြီုဟ်မြင်သည်လည်း အရေးကြီးကြောင်းကို
စနေဂြိုဟ်သည် -တန့်၊ ၁၀-တန့်၌ အထူးမြင်၏။ ၃င်္ဂါဂြိုဟ်သည် -တန့်၊ -တန့်၌ အထူးမြင်၏။ ၅တေးဂြိုဟ်သည် -တန့်၊ -တန့်၌ အထူးမြင်၏။ ဤမှတပါးကုန်သော ၁နွေ၊ ၂င်္လာ၊ ၄ဟူး၊ ၆ကြာ တို့သည် သမသတ် -တန့်၌ အပြည့် မြင်ကုန်၏။ အလုံးစုံသော ဂြိုဟ်တို့သည် -တန့်၊ ၁၀-တန့်၌ တပါဒ်မြင်ကုန် ၏။ -တန့်၊ -တန့်၌ နှစ်ပါဒ် မြင်ကုန်၏။ -တန့်၊ -တန့်၌ -ပါဒ်မြင် ကုန်၏။ -တန့်၌ အပြည့်မြင်ကုန် ၏။ ဟူ၍ သဗ္ဗတ္ထစိန္တာမဏိကျမ်း၊ စာမျက်နှာ-၄၆၊ အပိုဒ်-၁၀၃တွင် လည်းကောင်း

အကျိုးအပြစ်တို့ကို ဟောဆိုရာ၌ မူလဇာတာမှာဖြစ်စေ၊ ပြဿနာဇာတာမှာဖြစ်စေ၊ ဂြိုဟ်မြင်၊ ဂြိုဟ်ယှဉ်၊ ရာသီအားကို ချိန်ဆ၍ ထိုဂြိုဟ်တို့၏ ထူလဒသာ၊ အန္တရဒသာ၊ တို့ကို စီစစ်ပြီးမှ ဟောဆိုရမည်။ ထိုဂြို၏် တို့၏ အကျိုးအပြစ်၊ ထိုဂြိုဟ်တို့ တည်သောရာ သီ၊ ထိုရာသီ၊ ထိုဂြိုဟ်တို့၏ သဘာဝ၊ ပါပဂြိုဟ်ယှဉ်သည်၊ သောမဂြိုဟ်ယှဉ်သည်၊ ပါပဂြိုဟ်မြင်သည်၊ သောမဂြိုဟ်မြင်သည်၊ ထို မြင်သော ယှဉ်သော ဂြိုဟ်တို့၏ တည်နေရာဌာန စသည်များကိုလည်း စဉ်းစားဆင်ခြင်ရမည်။ ဟူ၍ အဆိုပါကျမ်း၊ စာမျက်နှာ-၈၃၊ အပိုဒ်- ၁၆၄ ၌ လည်းကောင်း အလေးအနက်ထား ဖေါ်ပြထားသည်ကို တွေ့နိုင်ပါသည်။


အထက်ဖေါ်ပြပါ အဆိုကို ပုံဆွဲကြည့်လျှင် Fig. Excel-80(a) တွင်ပြထားသကဲ့သို့ ဂြိုဟ်မြင်တန်ဖိုးပြောင်း လဲမှု များအား တွေ့နိုင် သည်။ မြင်နေသောဂြိုဟ်၏တန်ဖိုးကို အမြင်ခံရသည့် ဂြိုဟ်တန်ဖိုးမှ နှုတ်၍ရသော တန်ဖိုးဖြစ်သော ဒိဋ္ဌကိန္ဒြ A အားဖြင့် သိရီပတိ စကားဖြေကျမ်းတွင် Fig. Excel-80(b) ၌ ပြထားသည့် ပုံသေနည်းများအား ဖေါ်ပြထားသည်။ ရှေ့ပိုင်းသည် ဂြိုဟ်အားလုံးအတွက် သာမန်အမြင်တွက်ရန် ညီမျှခြင်း များဖြစ်ပြီး နောက်ပိုင်း၌ ၃င်္ဂါ၊ ၅တေး နှင့် စနေတို့အတွက်  အပြည့်မြင်ဖြစ်ရန် ပြင်ဆင်ချက်တို့ကိုပ ထားခြ  င်းဖြစ်သည်။

ဂြိုဟ်တို့ အပြည့်မြင်ခြင်းကို ၆၀-ဝိရူပ ဟုသတ်မှတ်၍ ၁-ဝိရူပအား ၆၀-အနုရူပဟူ၍ ထပ်မံခွဲဝေသည်။ ဤတွင် အပြင်ဂြိုဟ်ကြီး ၃-လုံး ၏အထူးမြင်သော အင်အားကို အချိုးချတွက်ချက် ပြင်ဆင်ပေးခြင်း ဖြစ် သည်။ GRAHA AND BHAVA BALAS တွင်အချိုးချတွက်ချက်ခြင်း မပြုပဲ တိုင်ရိုက်တန်ဖိုး ၁၅-ဝိရူပ၊ ၃၀-ဝိရူပ နှင့် ၄၅-ဝိရူပ စီ ပေါင်းထည့် ပေးသည့်မူကို သုံးထားကြောင်း တွေ့ရသည်။အထူးမြင်ဆိုင် ရာ ညီမျှခြင်းများသည် Fig. Excel-81(a), Fig. Excel-82(a) နှင့် Fig. Excel-83(a) တို့၌ ပြထားသကဲ့သို့ ရုတ် တရက် ခုန်တက်သွားသော ရလာဒ်ကို ပေးကြောင်းတွေ့နိုင်သည်။

အဆိုပါ ခုန်တက်သည့်ရလာဒ်ကို ပြေလည်စေရန် Fig. Excel-81(b), Fig. Excel-82(b) နှင့် Fig. Excel-83(b)တို့တွင်ပြထားသကဲ့သို့ ဖြည့်စွက်တွက်ချက် နိုင်ပါသည်။




အထက်တွင် ဖေါ်ပြခဲ့သော ဂြိုဟ်မြင်တွက်နည်းကို ပူးတွဲပါ Aspect Strength.xlsx  ၌ လွယ်ကူစွာ တွက် ချက်နိုင်  ရန် စီစဉ်ထားပါ သည်။ အစိမ်းရောင်ရှိသော ဆဲလ်များတွင် ဘုတ္တိဖြတ်ပြီး ဂြိုဟ်စင်နှင့် ဥဒယလဂ်၊ မဈလဂ် တို့ကို ရိုက်သွင်းပြီး SriPati sheet တွင် သမရိုးကျ အမြင်တန်ဖိုးများကို တွေ့နိုင်ပြီ Modified sheet ၌ ဖြည့်စွက်ပြင်ဆင်ထားသည့် အမြင်တို့အားတွေ့နိုင်ပါသည်။ Fig. Excel-84 နှင့် Fig. Excel-85 တို့မှာ အသုံးပြုထားသော ညီမျှခြင်း များဖြစ်ပြီး Fig. Excel-86 မှာ အမြင်ပရိုဂရမ်၏ နမူနာပုံစံ ဖြစ် သည်။ 





ကိုးကားစာအုပ်များ
၁။ သဗ္ဗတ္ထစိန္တာမဏိကျမ်း၊-တွဲ၊ စီမံရေးသားသူ မောင်ဘိုးမြိုင်-မြင်ကွန်း၊ ၁၃၀၂-ခုနှစ်။
၂။ သိရီပတိစကားဖြေ ကန်ဦးအာယုဒါယကျမ်း၊ ဘဒ္ဒန္တကောသလ္လာထေရ်၊ 28-2-1936
၃။ GRAHA AND BHAVA BALAS by B.V. Raman, 1-6-1940


Telegram userID: AWKyaw                                           SMS: 09 459 824 750
12-4-2017                                                                                        ဆက်ရန်
 



No comments: