Sunday, April 9, 2017

39. Astrology on the sphere (17)



စက်လုံးပေါ်မှာ ဗေဒင်တွက်မလား (၁၇)

၂၁။ ဂြိုဟ်အချင်းချင်း ဆက်စပ်တည်ရှိမှုအား လေ့လာအသုံးပြုခြင်း။

ကောင်းကင်တွင် စဉ်ဆက်မပြတ် ရွေ့လျှားလျှက်ရှိကြသော နေ နှင့် ဂြိုဟ်တို့သည် တစ်လုံးနှင်တစ်လုံး ဆက်စပ်မှု အနေအ ထား အမျိုးမျိုးဖြင့် ပြောင်းလဲတည်ရှိ နေလေ့ရှိပါသည်။ တစ်ခုသော အခိုက်အတန့်ရှိ ဆက်စပ်ပုံကို Fig. Sphere-113 ၌ဖေါ်ပြ ခဲ့ သည့်အတိုင်း ae_yyyy.pdf  နှင့် ဘေးချင်းယှဉ်လျှက်ရှိသည့် A အမှတ်အသားကို ကလစ်လုပ်ခြင်းဖြင့် d5ge1_yyyy.pdf ဖိုင်အား ဒေါင်းလုပ်ချ ရယူနိုင်ပါသည်။ အဆိုပါဖိုင် တွင် အနောက်တိုင်း နက္ခတ်ဗေဒင်၌ အသုံးပြုသော မန်ဒိန်းဆက်စပ်မှု အမြင်သင်္ကေတတို့ ဖြင့် ပြထားသည် ကို တွေ့နိုင်ပါသည်။ သာယနဂြိုဟ် တန်ဖိုးများအပေါ်တွင် မူတည်တွက်ချက်ထား သည်ဖြစ်သော်လည်း တိ ထီပြည့် ခြင်း၊ တိထီပြို ခြင်း၊ ဂြိုဟ်နှစ်လုံးပူးခြင်း၊ သမသတ် အနေအထားဖြင့် ရပ်တည်ခြင်း၊ အစရှိသည့် နှိုင်းရတည်နေရာ ဆိုင်ရာတွက်ချက် အချိန်အခါတို့သည် တူညီကြသည်သာ ဖြစ်သည်။ ဇယားများတွင် လက်ဝဲဖက်တွင် မြန်သောဂြိုဟ်ကိုပြ၍ လက်ယာဖက်၌ နှေး သည့်ဂြိုဟ်အား ပြထားသည်။ ဖြတ်ကျော်ခြင်း ခံရသည့် နှေးသောဂြိုဟ်၏ ရာသီစက်ပေါ်ရှိ တန်ဖိုးတို့ကိုလည်း ပူတွဲဖေါ်ပြထား သည်။ Fig. Sphere-115 တွင် မန်ဒိန်းဂြိုဟ်မြင်နှင့် မြန်မာနက္ခတ္တဗေဒ၌ အသုံးပြုသော ဂြိုဟ်မြင်များကို နှိုင်းယှဉ်ပြထားသည်။


မန်ဒိန်းဂြိုဟ်မြင်တို့အနက် ပူးခြင်း (Conjunction) သမသတ်မြင်ခြင်း (Opposition) အင်္ဂါ၏ -တန့်အ ထူးမြင်ခြင်း (Square) ကြာသပတေး၏ -တန့် အထူးမြင်ခြင်း (Trine) နှင့် စနေ၏ -တန့် အထူးမြင်ခြင်း (Sextile) စသည်တို့အား မြန်မာနက္ခတ်  ဗေဒင် တွက်ချက်ရာ၌ အသုံးပြုနိုင်ကြောင်း တွေ့နိုင်ပါသည်။ ဇ ယားတွင် ဖေါ်ပြသောတန်ဖိုးများသည် ဆက်စပ်မှု အတိအကျ သို့ ရောက်ရှိချိန်များကို ပြထားခြင်းဖြစ်သည်။ ဖေါ်ပြပါ ရောက်ရှိချိန်များမှ အမြင်အသီးသီး အတွက်ပူးတွဲပြထားသည့် ရှေ့- နောက် နယ် (Orb) အတွင်း ဝင်ရောက်ဆဲ ထွက်ခွါဆဲ ဖြစ်လျှင်လည်း ဆိုင်ရာအမြင်၏ အကျိုးသက်ရောက်မှု ရှိနေကြောင်း သိနိုင်သည်။ဂြိုဟ်ပူးထက်ပင် ဂြိုဟ်မြင်အားရှိ တစ်ထုံးသိလော့ ဟူသော ရှေးမြန်မာစာဆို ရှိသည့်အတိုင်း မြန်မာ့ဂြိုဟ်မြင် တန်ဖိုးတို့အား မည်ကဲ့ သို့တိကျစွာ တွက်ယူနိုင်ပုံအား သီးခြားဖေါ်ပြ သွားမည်ဖြစ်ပါသည်။

သာယန ရာသီစက်တလျှောက် နေ၏တစ်နှစ်တာ ရွေ့လျှားမှုကြောင့် ကမ္ဘာပေါ်၌ ဥတု ရာသီ တို့ဖြစ်ပေါ် လာပုံနှင့် ဗေဒင်သုံး Aries ဖွား၊ Taurus ဖွား၊ Gemini ဖွား၊ စသည်ဖြင့် ဆယ့်နှစ်ရာသီဖွားများ ပိုင်းခြားပုံ စသည်တို့ကို Fig. Sphere-116 ၌ပြထားပါသည်။ သမပိုင်းဇုံတွင် နွေဦး (Spring)  နွေ (Summer) ဆောင်းဦး (Autumn) ဆောင်း (Winter) ဟူ၍ ရာသီဥတု -ခု ပိုင်းခြားမှုမှာ အရေးကြီး သကဲ့သို့ မိမိတို့ မြန်မာများ အတွက်လည်း ဥတုသုံးလီ ရတုခြောက်ပါး တို့ ခွဲဝေမှုမှာအထူး အရေးပါကြောင်း တွေ့နိုင်ပါ သည်။ ဘာသာရေး၊ လူမှုရေး၊ ကျန်းမာရေး၊ စသည်တို့နှင့် နက္ခတ္တဗေဒ ပညာဆိုင်ရာ အသုံးချမှုတို့၌ ရည် ညွှန်းသုံးစွဲရပါသည်။


ဤတွင် တနင်္ဂနွေဂြိုဟ် နက္ခတ် တစ်ခုခုနှင့် ယှဉ်သည်က စပြီးလျှင် နောက်တစ်ဖန်ပြန်၍ ၄င်းနက္ခတ်နှင့် ယှဉ် သည့်တိုင်အောင်သော ကာလသည် နက္ခတ္တိကနှစ် တစ်နှစ်ဖြစ်၏။ တနင်္ဂနွေဂြိုဟ် အန္တောဝီထိ အတွင်းစွန်းမှ ဖြစ်စေ၊ ဗာဟီရဝီထိ အပြင်စွန်းမှ ဖြစ်စေ သွား သည်ကို အစပြု၍ တစ်ဖန် ထိုနေရာသို့ ပြန်၍ရောက်သည်ကို အယနနှစ် တစ်နှစ် ခေါ်ရသည်။ ဤနှစ်မျိုးတို့တွင် နက္ခတ္တိကနှစ်ဖြင့် သတ္တဝါတို့၏ ကောင်းမကောင် သုဘာ သုဘ ဟောရန်ကို မှတ်သား၍ မူလအဟော၊ ကောဇာအဟောများကို ဟောရသည်။ အယဉ် နှစ်ပါးကို စွဲ ၍ဖြစ်သော အယနနှစ်ကို စွဲ၍ အပူ၊ အအေး၊ မိုးလေအကျ၊ ဥတု၊ ရတု တို့ကို မှတ်သားပြီးလျှင် ဆေးဝါးကုသ ရမည်။ ဟူသော ဥတုဘောဇန သင်္ဂဟကျမ်းလာ ယောမြို့စားအတွင်းဝန် ဦးဘိုးလှိုင် ၏အဆိုကို ကိုးကား တင်ပြ ထားခြင်းဖြစ်ပါသည်။

နေနှင့်လတို့ သမသတ်ရပ်တည်၍ တိထီပြည့်ပြီး ပုဏ္ဏမီလပြည့်သော အချိန်များကို Fig. Sphere-117 တွင် ၄င်း၊ နေနှင့်လို့ အတိ အကျထပ်မိပြီး တိထီပြိုလျှက် အမ္မဝါသီလကွယ်ချိန်တို့ကို Fig. Sphere-118 ၌၄င်း အသီးသီး ဖေါ်ပြထားပါသည်။ အကြောင်း တိုက်ဆိုင်ခဲ့လျှင် လကြတ်ခြင်းနှင် နေကြတ်ခြင်းတို့ ဖြစ်နိုင်သော ကြောင့် မှတ်ချက်တွင် ကြတ်သောနေ့တို့ကို ဖေါ်ပြထားပါသည်။ လကြတ်ခြင်းသည် ကောင်းကင်၌ ဖြစ် သော နက္ခတ္တဖြစ်စဉ် ဖြစ်သောကြောင့် ကြတ်ချိန်အတွင်း လကိုမြင်တွေ့နိုင်သော ဒေသအား လုံးမှ တူညီစွာ မြင်တွေ့နိုင်ကြပါသည်။ နေကြတ်မှာမူ ကောင်းကင်နှင့် ကမ္ဘာမြေတို့ ဆက်စပ်ဖြစ်သည့် နက္ခတ္တဖြစ်စဉ်ဖြစ် သဖြင့် လ၏ အရိပ်ကန်တော့ ကျရောက်ရွေ့လျှားသည့် ဒေသတလျှောက်မှသာ တည်နေရာအလိုက် မြင် ကွင်းအမျိုးမျိုးပြောင်းလဲ မြင်တွေ့ ကြရပါသည်။


 

နေနှင့် ပဉ္စတားဂြိုဟ် ဟုခေါ်တွင်သော အင်္ဂါ၊ ဗုဒ္ဒဟူး၊ ကြာသပတေး၊ သောကြာ၊ စနေတို့ ပူးသော အနေ အထားသို့ ရောက်ရှိချိန် များကို Fig. Sphere-119 တွင်၎င်း၊ သမသတ် အနေအထားသို့ ရောက်ရှိသည့် အချိန်တို့အား Fig. Sphere-120 ၄င်း၊ အသီးသီး ဖေါ်ပြထားပါသည်။ တနင်္ဂနွေဂြိုဟ် နေနှင့် ပဉ္စတား ဂြိုဟ် တစ်လုံးလုံး တို့ ပူးခြင်းသည် အဆိုပါဂြိုဟ်၏ ကိုယ်ပိုင်အလင်းကွယ်ခြင်း  သဘောကြောင့် အတ္ထဖြစ် သည်ဟု ဖေါ်တွင်သည်။ သဗ္ဗမင်္ဂလာ အခါပေးကျမ်းတို့ အလိုအရ ကြာသပတေးဂြိုဟ် အတ္ထဖြစ်ချိန်တွင် မင်္ဂ လာ အခါအရပ်ရပ်ကို ရှောင်ကျဉ်ရန်နှင့် သောကြာဂြိုဟ် အတ္ထဖြစ်ခိုက် ထိမ်မြားမင်္ဂလာ ပြုခြင်းကို ရှောင် ကျဉ်ထိုက်ကြောင်းကို  အလေးအနက်ထား၍ စဉ်းစားဆင်ခြင် သင့်သော အချိန်အခါ များဖြစ်ကြပါသည်။




AyeWinKyaw Blogpost 39.pdf

Telegram userID: AWKyaw                                                  SMS: 09 459 824 750
9-4-2017                                                                                               ဆက်ရန်
 





No comments: