Monday, April 17, 2017

43. Horoscopy using Excel 16



SwissHoro v-3 Location data

ဗေဒင်ကို အိက်ဆဲလ်နဲ့တွက်မလား ၁၆      
၁၆။ တည်နေရာ အချက်အလက်ဇယား ပြုလုပ်ခြင်း



ကမ္ဘာပေါ်ရှိ တည်နေရာ တစ်ခုကို သတ်မှတ်ရာတွင် အချိန်ပိုင်းဇုံနာရီ၊ လတ္တီတွဒ်နှင့် လောင်ဂျီတွဒ် တန်ဖိုးတို့အားဖြင့် မှတ် သားကြောင်း တွေ့ရှိခဲ့ ပြီးဖြစ်သည်။ ပို့စ်အမှတ်စဉ်  35 စက်လုံးပေါ်မှာ ဗေဒင်တွက်မလား (၁၃) အပိုဒ် ၁၆။ ကမ္ဘာပေါ်ရှိ တည်နေရာတစ်ခု ရှာဖွေခြင်း။ တွင် မိုဘိုင်းဖုန်းဖြင့် လတ္တီတွဒ်နှင် လောင်ဂျီတွဒ်တို့ ရှာယူပုံကို ဖေါ်ပြပြီး ဖြစ်ပါသည်။ ထိုကဲ့ သို့ ရှာယူရရှိထားသော တန်ဖိုးများကို Fig. Excel-95 တွင် ပြထားသကဲ့သို့ အမှတ်စဉ်သတ်မှတ်၍ ဇယားတစ်ခု ပြုလုပ်ထား ရှိသည့်အခါ ဇာတာဖွဲ့ရန် လိုအပ်သော အခါတိုင်း အလွယ်တကူ ဖေါ်ယူသုံးစွဲနိုင် ပါသည်။

ဤတွင် ၁-၈၂ မှာ နိုင်ငံရပ်ခြားမြို့ များ အတွက် စီစဉ်ထားရှိ၍ ၈၃-၁၆၄ မှာ မြန်မာပြည်တွင်း ဒေသတို့အတွက် ဖြစ်ပါသည်။ ထို့ကြောင့် ဇယားတွင်ပါဝင်သော ဒေသများကို Comp sheet E13 မှ တည်နေရာ ရည်ညွှန်းအမှတ် (Location refer-ence no.) အဖြစ် ခေါ်ယူသုံးစွဲရန် ဖြစ်ပါသည်။ အကယ်၍ ဇယားတွင် ပါဝင်ခြင်းမရှိသော မြို့တစ်မြို့အတွက် သီးခြားရှာဖွေ ထည့်သွင်းအသုံးပြု လိုပါလျှင် ရိုး 44 ၌ တည်နေရာ ရည်ညွှန်းအမှတ် 0 (သုည) အဖြစ် ထည့်သွင်းပြီး ခေါ်ယူ အသုံးပြုရန်ဖြစ်ပါ သည်။ အဆိုပါ သီးခြားရှာဖွေ ရရှိထားသော တန်ဖိုးသည် နောင်တွင်ပြန်လည်သုံးစွဲရန် မှတ်သားထားလိုလျှင် ၁၆၅-၁၈၀ တွင် မှတ်သားထားနိုင်ပါသည်။ အဆိုပါတန်ဖိုးတို့သည် မူလစီစဉ်ထားသော ရည်ညွှန်းဇယား၌ ပါဝင်ခြင်း မရှိသဖြင့် အမှတ်စဉ်ပေး၍ ခေါ်ယူသုံးစွဲနိုင်ခြင်း မရှိပါ။ သို့ရာတွင် လိုအပ်သည့်အခါတွင် ရိုး 44 သို့ ကူးယူသုံးစွဲနိုင်ပါသည်။

တည်နေရာ ရည်ညွှန်းမှတ် တစ်ခုကို ရွေးချယ်လိုက် သောအခါ E15 တွင် အချိန်ပိုင်းဇုံကို ဖြည့်သွင်းမည်ဖြစ်၍ AR12 ၌ လတ္တီ တွဒ် ၏ ဒဿမတန်ဖိုးကို လည်းကောင်း AR17 တွင် လောင်ဂျီတွဒ်၏ ဒဿမတန်ဖိုးအား လည်းကောင်း အသီးသီး ဖြည့်သွင်း တွက်ချက်မည် ဖြစ်ပါသည်။



ဇာတာဖွဲ့ယူသော အဆင့်များတွင် ဤတည်နေရာ အချက်အလက်သည် မည်သည့်အဆင့်၌ လိုအပ်၍ မည်ကဲ့သို့ အရေးပါ အရာရောက်သည်ကို ဆင်လက်တင်ပြ သွားပါမည်။


Telegram userID: AWKyaw                                                                                    SMS: 09 459 824 750
17-4-2017                                                                                                                 ဆက်ရန်

No comments: