Wednesday, April 5, 2017

38. Astrology on the sphere (16)



စက်လုံးပေါ်မှာ ဗေဒင်တွက်မလား (၁၆)

စက်လုံးတြိဂံတစ်ခကို ပြည့်စုံစွာ ဖြေရှင်းနိုင်ရန်မှာ အနား၃-ဖက်နှင့် ထောင့်၂-ခု တို့၏ ဆက်စပ်မှုတို့ကို ရှာဖွေရန် လိုအပ်ကြောင်း ဖေါ်ပြခဲ့ပြီး ဖြစ်ပါသည်။ ဤကဲ့သို့ ဖြေရှင်းနိုင်ရန်မှာ ဆွစ်ဂြိုဟ်သွား၌ ဖေါ်ပြသော သာယန လောင်ဂျီတွဒ် တစ်မျိုးတည်းဖြင့် လုံ လောက်မှု မရှိပါ။ ရှေ့တွင် ဆက်လက်ဖေါ်ပြ သွားမည့် ပိုမိုပြည့်စုံသည့် ဂြိုဟ်သွား ပြက္ခဒိန်များ လိုအပ်မည် ဖြစ်ပါသည်။



၂၁။ ဒီကလိုင်နေးရှင်း၊ လတ္တီတွဒ် စသည်တို့ရယူခြင်း။

နက္ခတ်ဗေဒင် ဟောပြောသူများအတွက် မိမိလိုအပ်ချက်ဖြင့် ပြည့်စုံသော ဂြိုဟ်သွားပြက္ခဒိန် တစ်စောင် လက်ဝယ်ရှိထားရန် လွန် စွာအရေးကြီးပါသည်။ အသုံးများသော ဂြိုဟ်သွားမှာ Fig. Sphere-112 တွင်ဖေါ်ပြထားသည့် N.C. Lahiris Indian Ephemeris ဖြစ်သည်။ နှစ်စဉ်ထုတ်ဝေသော ဂြိုဟ်သွားဖြစ်၍ အချိန်မီ လွယ်ကူစွာ ရရှိနိုင်ခြင်း မရှိတတ်ပါ။ ဖေါ်ပြပါ နမူနာမှာ ၂၀၁၁-ခုနှစ်တွင် ပြက္ခဒိန်ပညာရှိများ အစည်းအဝေးသို့ လေ့လာသူအဖြစ် တက်ရောက်ခွင့်ရစဉ်က ဥက္ကဋ္ဌဆရာတော် အရှင်သဒ္ဓိယ ထံမှမေတ္တာဖြင့် ချီးမြှင့်သဖြင့် ရရှိထားသည့် စာအုပ်ဖြစ်ပါသည်။ 


အဆိုပါ ဂြိုဟ်သွား၏ Astronomical Data page တွင် ဂြိုဟ်တို့၏ဖျမ်းမျှ လောင်ဂျီတွဒ်တန်ဖိုး၊ ဂြိုဟ်ပတ်လမ်းကြောင်းဆိုင်ရာ အ ချက်အလက်များ၊ အယနတန်ဖိုးများနှင့်ကွ သာယနနှစ်၊ နက္ခတ္တနှစ်၊ စသည့်နှစ်အသီးသီးတို့၏ ကာလအပိုင်းအခြားတို့ကို ဖေါ်ပြ ထားသည်။

Monthly Ephemeris page ၁၂-မျက်နှာတွင် ကြယ်နာရီ၊ နိရာယနဂြိုဟ်စင်၊ ဒီကလိုင်နေးရှင်း၊ လတ္တီတွဒ် တို့နှင့်တကွ ဂြိုဟ်တို့ ၏ ဒေသဆိုင်ရာမွန်းတည့်မျဉ်းသို့ ဖြတ်ကျော်ချိန်တို့အား ဖေါ်ပြထားရှိသည်။

တစ်နှစ်အတွင်း ဖြစ်ပေါ်မည့် နေကြတ်၊ လကြတ်များ၊ အသုံးများသောကြယ်များနှင့် အဘိဇိ အပါအဝင် နက္ခတ်အသီးသီး၏ ပဓါန ကြယ် တို့၏ နေသွားလမ်း ပေါ်ရှိ အတိုင်းအတာ အီကွေတာပေါ်ရှိ အတိုင်းအတာ တို့မှ အဝင်၊ အထွက်၊ မွန်းတည့်ချိန်များ တွက် ယူနိုင်ရန် လိုအပ်သော တန်ဖိုးများကို Eclipses and Star positions page ၌ တွေ့ရှိနိုင်ပါသည်။

အကယ်၍ ဒီကလိုင်နေးရှင်းနှင့် လတ္တီတွဒ် တို့ကိုသာ ရယူလိုပါလျှင် Fig. Sphere-113 တွင်ပြထားသော ae_yyyy.pdf ဒေါင်း ရန် စာမျက်နှင်၌ပင် လိုသောနှစ်အတွက် ae_yyyyd.pdf ကိုရယူနိုင်ပါသည်။ အဆိုပါ ဂြိုဟ်သွားပြက္ခဒိန်၏ အပေါ်ပိုင်းစာမျက်နှာ ထက်ဝက်မှာ Fig. Sphere-114 တွင်ပြထား သကဲ့သို့ ae_yyyy.pdf ၌ပါဝင်ပြီး တန်းဖိုးများ အတိုင်းဖြစ်သည်။ အောက်ပိုင်း၌
ဒီကလိုင်နေးရှင်းနှင့် လတ္တီတွဒ် တန်ဖိုး တို့ကို ဖေါ်ပြထားရှိသည်ကို တွေ့နိုင်ပါသည်။


AyeWinKyawBlogpost 38.pdf

Telegram userID: AWKyaw                                                         SMS: 09 459 824 750
6-4-2017                                                                                               
ဆက်ရန်

No comments: