Wednesday, April 19, 2017

45. Horoscopy using Excel 18



SwissHoro v-3 Ephemeris data entry-2

ဗေဒင်ကို အိက်ဆဲလ်နဲ့တွက်မလား ၁၈   

ဇာတာခွင်မှ ဆန်းစစ်ရရှိသော ကောင်းကျိုးဆိုးပြစ်များသည် မည်သည့်အချိန်အခါသို့ ကျရောက်လျှင် အကျိုးပေးလာနိုင် သည်ကို ဝိသောတ္တရီဒသာစံနစ်ဂေါစာဂြိုဟ် အစီးအနင်း၊ ဟူးရားဇာတာခွင် တို့ဖြင့် တွဲဖက်ဟောပြော ရလေ့ရှိ ခြင်းကြောင့် ယခု ဆက်လက်၍ ဒသာခွဲဝေ စိတ်ပိုင်းခြင်းအကြောင်း ကိုတင်ပြပါမည်။ ရှေ့တွင်ဖေါ်ပြမည့် ဟူးရားဇာတာခွင် တွက်နည်းအ ပိုင်းတွင် ဂေါစာဂြိုဟ်ခွင်တွင် လဂ်တပ်လျှင် တနေ့လျှင် လဂ်ဆယ့်နှစ်ခွင် ပြောင်းလဲသည့် ဟူးရားခွင် ရရှိလာနိုင်ကြောင်း  တွေ့ရမည် ဖြစ်ပါသည်။
 

၉။ လိုသောနေ့အတွက် ဒသာစိတ်ခြင်း

ဒသာကိုတွက်ရာတွင် ယခုဇာတာတွက်သည့် ရက်စွဲ သို့မဟုတ် ဖြစ်ရပ်တခုကို ဆန်းစစ်ဝေဖန် လိုသောချိန်ခါ၏ ရက်စွဲတခု ခု အား Fig. Excel-103 ၌ပြထား သကဲ့သို့ နှစ်၊ လ၊ ရက် တန်ဖိုးတို့ကို ထည့်သွင်းရန် ဖြစ်သည်။ ထည့်သွင်းသော ရက်စွဲ မှာ မွေးရက်စွဲ အောက်မငယ်ရပါ။ အကယ်၍ ရောက်ဆဲ ရက်စွဲကို ထည့်သွင်းလိုလျှင် AM2=YEAR(NOW)), AM3=MONTH( NOW()) နှင့် AM4=DAY(NOW()) တို့ကို ထည့်သွင်း ထားနိုင်ပါသည်။






အိက်ဆဲလ် Date ဖန်ရှင်ဖြင့် Fig. Excel-104 တွင်ပြထားသည့် အတိုင်းဒသာတွက်ရာတွင် တနှစ်လျှင် 365.25 ရက်နှုန်းဖြင့်
ယူဆ ပိုင်းခြားထားသည်။ အကယ်၍ ၁-နှစ်အား ရက် ၃၀၀ စီဖြင့် ပိုင်းခြား တွက်ချက်လိုပါလျှင် ဆဲလ် BP6 တွင် 360 ကိုအ စား သွင်း နိုင်သည်။ တွက်ချက်ရရှိသော ထူလ၊ အန္တရနှင့် ဘုတ္တိဒသာတို့ကို Fig. Excel-105 တွင်ပြထားသည့် အတိုင်း Chart sheet ၏အောက်ပိုင်း၌ ခေါ်ယူဖေါ်ပြ မည်ဖြစ်ပါသည်။ လက်တွေ့ဟောပြောရာ၌ ရောက်ဆဲ ထူလ၊ အန္တရ၊ ဘုတ္တိ သ္ခင်ဂြိုဟ်ကို ဇယားတွင် ရှာဖွေ သည်ထက် ပို၍မြန်ဆန်စွာ သိရှိနိုင်ရန် အထက်ဖက် လက်ယာထောင့်၌ ဖေါ်ပြထားသည်ကို လည်း   တွေ့နိုင် ပါသည်။ ဂြိုဟ်စင်အားလုံးကို ထည့်သွင်းတွက်ချက်ပြီး သောအခါတွင် ပုံ၏အောက်ခြေ လက်ဝဲဖက်၌ ဖေါ်ပြထား သည့်အတိုင်း ဂြိုဟ်တလုံးစီမှ ကျန်သောဂြိုဟ်များသို့ မြင်သည့်တန်ဖိုးများ အားလည်းရရှိ လာမည်ဖြစ်သည်။ SwissHoro v-3.0 Pos entered.xlsx   ဖိုင်ကို အသေးစိတ် ကြည့်ရှုနိုင်ရန် ပူးတွဲပေးထားပါသည်။  





Telegram userID: AWKyaw                                                          SMS: 09 459 824 750
19-4-2017                                                                                                         ဆက်ရန်



No comments: