Sunday, April 16, 2017

41. Horoscopy using Excel 14



SwissHoro v-3 Teach Yourself

ဗေဒင်ကို အိက်ဆဲလ်နဲ့တွက်မလား ၁၄    
  

၁၄။ ဆွစ်ဟော်ရို v-2 မှ v-3 သို့ မွမ်းမံပြင်ဆင်ခြင်း


SwissHoro v-2 ကို ယခင်နှစ်ဦးပိုင်း၌ ဤဘလော့သို့ စ၍တင်ပေးခဲ့ပါသည်။ အဆိုပါ ဗာရှင်ကို ပြီးခဲ့သော အချိန်ပိုင်းအတွင်း အချိန်ယူ၍ မွမ်းမံပြင်ဆင်ခဲ့ပါသည်။ ယခုအခါ SwissHoro v-3 အား နက္ခတ်ဗေဒင်ကို အခြေခံမှ စတင်လေ့လာလိုသူ တို့အ တွက်   အစားထိုး သုံးစွဲနိုင်ရန် တင်ပေးမည်ဖြစ်ပါသည်။ အင်တာနက်မှ အလွယ်တကူ ဒေါင်းလုပ်ချ ရယူနိုင်သော ဆွစ်ဟော် ရို ပရိုဂရမ်သည် အိက်ဆဲလ်ကို သုံးစွဲရန် အခြေခံရှိသူ၊ နက္ခတ်ဗေဒင် ဝါသနာပါ၍ လေ့လာသူ၊ လက်တွေ့ဟောပြောသူ၊ ဗေ ဒင်ကို အတွက်အချက် ရှုဒေါင့်မှ စိတ်ဝင်စားသူ၊ တို့အတွက် စီစဉ်ရေးသား ထားခြင်း ဖြစ်ပါသည်။ ဤဗာရှင်၌ အသုံးပြုထား သည့် ညီမျှခြင်း အဆင့်ဆင့်ကို လေ့လာနိုင်ရန် ပူးတွဲပါ SwissHoro v-3 TY.xlsx ဖိုင်တွင် ဖွင့်ပေးထားပါသည်။ မိမိနှစ်သက် သည့် ပုံစံအနေအထားသို့ ပြင်ဆင်ပြောင်း လဲခြင်း (Customization) ကိုလည်း လွယ်ကူစွာ ပြုလုပ်နိုင်မည် ဖြစ်ပါသည်။
SwissHoro v-3 TY ပရိုဂရမ်တွင် Chart, Print, Comp, Tables ဟူ၍ sheet -ခု ပါရှိသည်။ တွက်လိုသော ရက်စွဲ၊ အချိန် နှင့် တည်နေရာဆိုင်ရာ အချက်အလက်တို့ကို Comp sheet အစိမ်းရောင် နောက်ခံရှိ ဆဲလ်များ၌ ရိုက်သွင်းပြီး ရောင်စုံ
ဖြင့်ပြ သည့် ဇာတာခွင်အား Chart sheet တွင် ကြည့်ရှုစစ်ဆေးရန် ဖြစ်သည်။ အကယ်၍ ပရင်တာသို့ အဖြူအမဲဖြင့် ပြသည့် ဇာ တာခွင်ကို ပို့လိုလျှင် Print sheet ၌ကြည့်ရန် ဖြစ်သည်။ Tables sheet သည် တွက်ချက်ရာတွင် အသုံးပြုထားသည့် ယားမျာကို မှတ်သားထားရှိရာ ဖြစ်ခြင်းကြောင့် ကြည့်ရှုရန် လိုအပ်လေ့ မရှိပါ။ နောင်တွင် ဂြိုဟ်သွားများကို အလိုအလျှောက် ဖတ်ယူထည့်သွင်း နိုင်ရန် Ephyyyy-zzzz sheet တခု ထပ်မံဖြည့်စွက်မည် ဖြစ်ပါသည်။



ဖေါ်ပြထားသော အချက်အလက်များမှာ

၁။ အမည်၊ ခရစ်/မြန်မာ ရက်စွဲ၊ နေ့၊ မွေးဒေသ၊ လတ္တီတွဒ်၊ လောင်ဂျီတွဒ်
၂။ ဇာတာအမျိုးအစား- နိရာယန (Sidereal) သာယန (Tropical)
၃။ တွက်လိုသောနေ့တွင် ကျရောက်သော ထူလ၊ အန္တရ။ ဘုတ္တိ ဒသာ
၎။ ရာသီ၊ ဘာဝ၊ နဝင်းစက်
၅။ ဘုတ္တိဂြိုဟ်စင်၊ လဂ်၊ ကြယ်ချိန်၊ အယန၊ နက္ခတ်၊ တိထီ၊ ယုဂ်၊ ကရိုဏ်း
၆။ ဂြိုဟ်နှင့် လဂ်စီးနက္ခတ် သ္ခင်ဂြိုဟ်များ
၇။ ဂြဟဖလ (Residential strength) များ
၈။ ဘာဝ မဇ္ဈများ
၉။ ဘာဝ သန္ဓိများ
၁၀။ ထူလ၊ အန္တရ။ ဘုတ္တိ ဒသာများသို့ စတင်ဝင်ရောက်ချိန် ဇယား
၁၁။ ဂြိုဟ် ၇-လုံးမှ ကျန်ဂြိုဟ်များသို့ သာမန်နှင့် အထူးမြင် ပေါင်းစပ်ပြ ဇယား
၁၂။ ဂြိုဟ် ၇-လုံးမှ ဘာဝ ၁၂-ပါးသို့ သာမန်နှင့် အထူးမြင် ပေါင်းစပ်ပြ ဇယား

တို့အသီးသီး ဖြစ်သည်။ Android မိုဘိုင်းဖုန်များတွင် WPS Office ကို install လုပ်ထားပြီး ဖြစ်ပါက အလိုအလျှောက် ခေါ်ယူအသုံးပြု တွက်ချက်မည် ဖြစ်ပါသည်။ Fig. Excel-87 သည် Chart sheet မှ ရောင်စုံမြင်ကွင်း ဖြစ်၍ Fig. Excel-88 တွင် Print sheet ရှိ အဖြူအမဲ မြင်ကွင်း ကိုတွေ့နိုင်ပါသည်။ 



SwissHoro v-3 TY ပရိုဂရမ်ဖြင့် တည်နေရာ အချက်အလက် ထည့်သွင်းပုံကို လေ့လာခြင်း၊ ခရစ်နှစ် ရက်စွဲမှ မြန်မာနှစ် ရက် စွဲသို့ ပြောင်းလဲယူပုံ အားကြည့်ရှုခြင်းနှင့် ဂြိုဟ်သွားအချက်အလက်ဖိုင် အားအသုံးပြု တွက်ချက်ခြင်း မပြုလုပ်မီ ဆွစ်နေ့စဉ် ဂြိုဟ်သွား ပြက္ခဒိန်မှ တန်ဖိုးတခုချင်း ရိုက်သွင်း တွက်ချက်ခြင်း အဆင့်ဆင့်ကို ရှေးဦးစွာ လေ့ကျင့်ကြည့်မည် ဖြစ်ပါသည်။


Telegram  userID: AWKyaw                                                               SMS: 09 459 824 750
16-4-2017                                                                                       ဆက်ရန်
 


No comments: